ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း ရေဆင်းချိုးသည့် (G-8)ကျောင်းသား ရေနစ်သေဆုံး

(မှုခင်း) မေ ၂၉

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ရွာအနောက်ဘက်ရှိ ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်းတွင် ကျောင်းသား(၁)ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

မေလ၂၇ရက်နေ့ မွန်းလွဲ၁နာရီခွဲအချိန်က ရွှေနံ့သာရပ်ကွက် နယ်မြေ ၄ နေထိုင်သူ (G-8)ကျောင်းသား မောင်ရန်နိုင်လင်း အသက် ၁၅ နှစ် (ဘ)ဦးသန်းဝင်းသည် ငလိုက်ဆည်ရေလွှတ်မြောင်းအတွင်း ရေဆင်းချိုးမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေနစ်သေဆုံးသူ မောင်ရန်နိုင်လင်း၏ရုပ်အလောင်းအား သဟပုညကာရီပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN