
(နိုင်ငံတကာ)မေ ၂၄
ဆာဘီးယားနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ ဦး ဆောင်သည့် လူပေါင်းသောင်းချီသော ပြည်သူများသည် အစိုးရကို ဖြုတ်ချရန်နှင့် ရွေးကောက်ပွဲ စောလျင်စွာ ပြန် လည်ကျင်းပပေးရန် တောင်းဆိုသည့်အနေဖြင့် မြို့တော် ဘဲလ်ဂရိတ် (Belgrade) တွင် အကြီးအကျယ် စီတန်းလှည့် လည် ဆန္ဒပြခဲ့ကြသည်။
ယခုဆန္ဒပြပွဲကြီးသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက လူ ၁၆ ဦး သေဆုံးခဲ့သည့် နိုဗီဆတ်(Novi Sad) ရေဒီယိုဘူတာရုံ မတော်တဆမှုဖြစ်ရပ်ကြောင့် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ် သည်။ အဆိုပါ ဖြစ်ရပ်တွင် ပွင့်လင်းမြင်သာမှုရှိသော အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် လူထုက ဖိအားပေးတောင်းဆိုခဲ့ကြသဖြင့် ထိုစဉ်က ဝန်ကြီးချုပ် မီလော့စ် ဗူစီဗစ် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

သို့သော်လည်း ကျောင်းသားလူငယ်များက “ကျောင်းသားများ အောင်နိုင်ရမည်”(Students win) ဟူသော ဆောင်ပုဒ်ဖြင့် အဂတိလိုက်စားမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို အရှိန်မြှင့်တင်ခဲ့ကြပြီး၊ ယခုအခါ လက်ရှိသမ္မတ အလက်ဇန္ဒာ ဗူဆစ် (Aleksandar Vucic)ပါ ရာထူးမှဆင်းပေးရန်နှင့် ရွေးကောက်ပွဲအသစ် ခေါ်ယူပေးရန် တောင်းဆိုသည့် ကမ်ပိန်းအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြပွဲပြုလုပ်သည့် စနေနေ့တွင် ဆာဘီးယားနိုင်ငံပိုင် မီး ရထားကုမ္ပဏီက လူထုမြို့တော်သို့ မလာရောက်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ဘဲလ်ဂရိတ်သို့ ပြေးဆွဲမည့် မီးရထားခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့သော်လည်း၊ အခြားမြို့ကြီးများမှ မော်တော်ယာဉ်တန်းများဖြင့် မြို့တော်ဗဟိုရင်ပြင်သို့ လမ်းကြောင်းအသီးသီးမှ ချီတက်လာခဲ့ကြသည်။ ညနေပိုင်းတွင် သမ္မတရုံး အဆောက် အအုံအနီး၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ပြောက်ကျားရုန်းရင်းဆန်ခတ်မှုများ ဖြစ် ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် အသံဗုံးများကို အသုံးပြုကာ လူစုခွဲခဲ့သည်။

ဆာဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂ(EU)သို့ ဝင်ရောက်ရန် တရားဝင် လှောက်ထားနေသော်လည်း၊ တစ်ဖက်တွင် ရုရှား၊ တရုတ်တို့နှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။ သမ္မတ ဗူဆစ်လက်ထက်တွင် ဒီမိုကရေစီစနစ် နောက်ပြန်ဆုတ်လာပြီး ဆန္ဒပြသူများအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ ပြုလုပ်နေခြင်းကြောင့် EU က ပံ့ပိုးပေးမည့် ယူရို ၁.၅ ဘီလီယံ ခန့်ရှိသော ရန်ပုံငွေများကို နိုင်ငံအနေဖြင့် ဆုံးရှုံးရနိုင်ကြောင်း ဥရောပသမဂ္ဂဘက်က သတိပေးထားသည်။
စနေနေ့က ဆန္ဒပြပွဲပြုလုပ်သည့် နေရာမှာ ၂၀၂၅ ခုနှစ် မတ်လအတွင်းက အစိုးရဆန့်ကျင်ရေး အဆောက်အအုံကြီးတစ်ခု ဖြစ် ပွားခဲ့ဖူးသည့် ဘဲလ်ဂရိတ်မြို့ရှိ ဆလာဗီယာ (Slavija)ရင်ပြင် ဖြစ်သည်။ ထိုစဉ်က ပြုလုပ်ခဲ့သည့် လူထုစည်းဝေးပွဲမှာ ရုတ် တရက် အနှောင့်အယှက်ဖြစ်ကာ ပြီးဆုံးခဲ့ရပြီး၊ ယင်းဖြစ်ရပ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အသံလှိုင်းသုံး လက်နက် (Sonic weapon) တစ်မျိုးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက နောက် ပိုင်းတွင် ပြောကြားခဲ့သော်လည်း အစိုးရဘက်ကမူ ငြင်းဆိုခဲ့သည်။

ကျောင်းသားများကမူ ယခုအခါ လက်ယာစွန်း ပေါ်ပြူလစ်အစိုးရကို ရာထူးမှ ဖယ်ရှားနိုင်ရန်အတွက် ယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ၌ သမ္မတ ဗူဆစ်ကို စိန်ခေါ်သွားရန် စီစဉ်နေကြောင်း ပြောကြားထားသည်။
သမ္မတ ဗူဆစ်၊ အစိုးရအရာရှိများနှင့် အစိုးရလိုလားသော မီဒီယာများကမူ ၎င်းတို့ကို ဝေဖန်သူများကို နိုင်ငံဖျက်ဆီးလိုသည့် “အကြမ်းဖက်သမားများ” နှင့် နိုင်ငံခြားအေးဂျင့်များအဖြစ် သမုတ်ခဲ့ကြပြီး၊ ယင်းကဲ့သို့ ပြောဆိုမှုများက နိုင်ငံရေးအရ အုပ် စုကွဲပြားမှုကို ပိုမိုပြင်းထန်လာစေခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN