
(နိုင်ငံတကာ)မေ ၉
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ (Hezbollah) တို့အကြား ပြီးခဲ့သည့် ဧပြီလကတည်းက အပစ်ရပ်စဲရေး သဘော တူညီမှု ရရှိထားသော်လည်း၊ လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး ၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြန်လည်ပြင်း ထန်လာခဲ့ရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အနည်းဆုံး လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်ယာ(Tyre) ခရိုင်ရှိ တိုရာမြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုး သမီးနှစ်ဦးအပါ အဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦးကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကြောင်း လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ(NNA)က ဆိုသည်။
ထို့ပြင် နာဘာတီးယား(Nabatieh)၊ ဘင့်ဂျ်ဘေးလ် (Bint Jbeil) နှင့် ဆိုင်ဒွန်(Sidon) ခရိုင်များရှိ မြို့ရွာအနှံ့ အပြားတွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ ဟတ်စဘာယာ (Hasbaya) ခရိုင်တွင်လည်း အစ္စရေးဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၀ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသည်။
အစ္စရေးစစ်တပ်ကမူ လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာအချို့မှ ဒေသခံများကို နေအိမ်များမှ ထွက်ခွာကြရန် အတင်းအဓမ္မ ဘေးလွတ်ရာရွှေ့ပြောင်းမိန့်များကို ဆက် တိုက်ထုတ်ပြန်နေဆဲ ဖြစ်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေး၏ တိုက်ခိုက်မှုများ သည် အပစ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဆိုကာ အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းများနှင့် စစ်ယာဉ်တန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးဘက်က အတည်ပြုထားသည်။ အစ္စရေးသည် လက်ရှိတွင် နယ်စပ်ဒေသအချို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး လုံခြုံရေးအရ လိုအပ်ပါက ဆက်လက်တိုက်ခိုက်သွားမည်ဟု ရပ်တည်လျက်ရှိသည်။
မတ်လ ၂ ရက်နေ့တွင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်ဘနွန်တွင် လူပေါင်း ၂,၇၅၉ ဦး သေဆုံးခဲ့ပြီး ၈,၅၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော် လည်း အစ္စရေးနှင့် လက်ဘနွန်အစိုးရ ကိုယ်စားလှယ်အဖွဲ့များ သည် လာမည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၌ ဒုတိယအဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပြုလုပ်ရန် စီစဉ်ထား သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ၎င်းတို့အနေဖြင့် အဆိုပါဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ပေးမည်ဖြစ်ပြီး “ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများအတွက် မူဘောင်တစ် ရပ် တည်ဆောက်ရန်၊ လက်ဘနွန်နိုင်ငံ၏ ပိုင်နက်နယ်မြေတစ်ခုလုံးအပေါ် အချုပ် အခြာအာဏာ အပြည့်အဝ ပြန် လည်ရရှိရန်၊ နယ် နိမိတ်များ သတ်မှတ်ရန်နှင့် လက်ဘနွန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ခိုင်မာသော လမ်းစများ ဖော်ဆောင်ရန်” ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
အစ္စရေးနှင့် ဆွေးနွေးမှုပြုလုပ်ခြင်းအပေါ် လက်ဘနွန်ပြည်သူများနှင့် နိုင်ငံရေးသမားများအကြား သဘော ထားကွဲလွဲမှု ပြင်းထန်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာနှင့် ၎င်း၏ ထောက်ခံသူများက တိုက်ရိုက်ဆွေးနွေးမှုကို ကန့်ကွက်ပြီး သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးရန်သာ လိုလားသော်လည်း၊ လက်ဘနွန်အစိုးရမှာမူ တိုက်ရိုက်ဆွေးနွေးရန် အမေရိကန်နှင့် အစ္စရေးတို့၏ ဖိအားပေးမှုကို ခံနေရသည်။
အစ္စရေးနှင့် ဆွေးနွေးမှုပြုလုပ်ခြင်းအပေါ် လက်ဘနွန်ပြည်သူများနှင့် နိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှု ပြင်းထန်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာနှင့် ၎င်း၏ ထောက်ခံသူများက တိုက်ရိုက်ဆွေး နွေးမှုကို ကန့်ကွက်ပြီး သွယ်ဝိုက်သောနည်းဖြင့် ဆွေး နွေးရန်သာ လိုလားသော် လည်း၊ လက်ဘနွန်အစိုးရမှာမူ တိုက်ရိုက်ဆွေးနွေးရန် အမေရိကန်နှင့် အစ္စရေးတို့ ၏ ဖိအားပေးမှုကို ခံနေရသည်။
ဟစ်ဇ်ဘိုလာအဖွဲ့အား အင်အားသုံး၍ လက်နက်ဖြုတ်သိမ်းရန် လက်ဘနွန်အစိုးရအပေါ် ဖိအားပေးမှုများကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ပြည်တွင်းစစ်ပြီးဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံအတွင်း တင်းမာမှုများ ပြန် လည်မြင့်တက်လာစေသည်။
#Lebanon #Israel #Hezbollah #MiddleEastConflict #WarUpdate #Ceasefire #BreakingNews #PositiveAngleNews #HumanitarianCrisis #GlobalNews
Telegram»…
https://t.me/positiveanglenews
#PAN