(မိုးလေဝသ) နိုဝင်ဘာ ၄
နိုဝင်ဘာ ၁ ရက်တွင် ထားဝယ်၊ ကျောက်ဆည်၊ မုဒုံ၊ ကလေးဝ၊ ခန္တီးနှင့် ကန့်ဘလူမြို့တို့၌ စခန်းစတင်ဖွင့်လှစ်ခဲ့သည့်ကာလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထားဝယ်မြို့တွင် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့သည်။
ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၅၃ နှစ်အတွင်း စံချိန်ဟောင်း ၃၆ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်မှ ၃၆ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်သို့လည်းကောင်း၊ မုဒုံမြို့တွင် နှစ်ပေါင်း ၄၆ နှစ်အတွင်း စံချိန်ဟောင်း ၃၆ ဒသမ ၀၁ ဒီဂရီဆဲလ်စီးယပ်မှ ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်သို့လည်းကောင်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကလေးဝမြို့တွင် နှစ်ပေါင်း ၆၂ နှစ်အတွင်း ၃၅ ဒီဂရီဆဲလ်စီးယပ်၊ ခန္တီးမြို့တွင် နှစ်ပေါင်း ၆၁ နှစ်အတွင်း ၃၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်နှင့် ကန့်ဘလူမြို့တွင် နှစ်ပေါင်း ၃၅ နှစ်အတွင်း ၃၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်တို့ကို အမြင့်ဆုံးအပူချိန် စံချိန်သစ်များအဖြစ် အသီးသီးမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN