နိုင်ငံတော်အစိုးရမှ တပ်ဆင်ထားသည့် ကျေးရွာဓာတ်အားလိုင်း ချိတ်ဆက်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) အစည်းအဝေးခန်းမ၌ နိုင်ငံတော်အစိုးရမှ တပ်ဆင်ထားသည့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ပိန်းညောင် (၁၊ ၂၊ ၃) နှင့် နမ့်လွဲကျေးရွာများ၏ ဓာတ်အားလိုင်းများ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့မီးလင်းရေးဦးဆောင်ကော်မတီ နာယက ဦးသန်းလှိုင်းနှင့် အင်ဂျင်နီယာ ဦးသန့်ဇင်ဝင်းတို့က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျေးလက်မီးလင်းရေးကော်မတီများမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးသိန်းမင်းမြတ်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

#PAN