မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သစ်ပင်လဲကျမှု ဖြစ်ပွား

(မိုး/ဇလ) ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယမန်နေ့ ၂၈ရက်နေ့ ည ၈ နာရီ ၁၀မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုလေပြင်းတိုက်ခတ်မှုကြောင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာ၊ သံတောင်လမ်းမပေါ်တွင် သစ်ပင်တစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

#PAN