(ပြည်တွင်း) ဧပြီ ၂၉
တောင်ကြီးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစကားပြော၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများ၏ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းအမျိုးအစားအလိုက် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့ပြင် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးနောက် တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်တွင် အခမ်းအနား ပြီးစီးခဲ့ကြောင်း သိရသည်။




#PAN