(မှုခင်း) ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးတွင် ယနေ့ နံနက် ၆ နာရီ ၂၅ မိနစ်အချိန်က မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၄)စီးဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက်၇ နာရီကျော် အချိန် မီးထိန်းပြီး နံနက်၇နာရီ ၅၀မိနစ်အချိန်မီးငြိမ်းနိုင်ကြောင်း သိရသည်၊၊
အဆိုပါမီးလောင်မှုကြောင့် စျေးကြီးအတွင်းရှိ ပရဆေးရုံနှင့် စျေးရုံကြီးနှစ်ရုံ မီးလောင်ဆုံးရှုံးခဲ့ပြီး အထည်စျေးရုံသာကျန်ရှိကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအား ဆက်လက်စသိဆေးလျက်ရှိကြောင်း သိရသည်။





#PAN