
(နိုင်ငံတကာ)ဧပြီ ၂၆
ဝါရှင်တန်ဒီစီရှိ ဝါရှင်တန်ဟီလ်တန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA ၏ နှစ်ပတ်လည်ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် သမ္မတ ဒေါ်နယ်ထရန့်နှင့် မိသားစုဝင်များကို ဘေးလွတ်ရာသို့ အလျင် အမြန် ရွှေ့ပြောင်းပေးခဲ့ရသည်။
စနေနေ့ညနေပိုင်းတွင် သမ္မတနှင့် သမ္မတကတော်တို့ ညစာစားပွဲခန်းမအတွင်း နေရာယူထားစဉ် ခန်းမအဝင်တံခါးအနီးရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် သေနတ်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ မျက် မြင်သက်သေများ၏ အဆိုအရ သေနတ်သံ ၅ ချက်ခန့် ကြားခဲ့ရပြီး ခန်းမအတွင်းရှိ သတင်းထောက်များနှင့် ဧည့်သည်တော်များမှာ စားပွဲများအောက်တွင် ဝပ်နေခဲ့ကြရသည်။
သမ္မတထရန့်၊ သမ္မတကတော် မီလာနီယာနှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းစွာရှိနေကြောင်း အိမ်ဖြူတော်က အတည်ပြုသည်။
လက်နက်မျိုးစုံကိုင်ဆောင်ကာ စစ်ဆေးရေးဂိတ်ကို အတင်းဝင်ရောက်စီးနင်းရန် ကြိုးပမ်းသည့် အမျိုး သားတစ်ဦးကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service)က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။ ပစ် ခတ်မှုအတွင်း လျှို့ဝှက်ထောက်လှမ်းရေးအရာရှိတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သော်လည်း ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ သမ္မတနိုင်ငံကို ထပ်မံတိုက် ခိုက်တာပါ၊ ကျွန်တော် အသက်ရှင်ချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီနိုင်ငံကို ပြန်လည်ကြီးကျယ်အောင် လုပ်ချင်လို့ပါ” ဟု ထရန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ၂၀၂၄ ခုနှစ် ဘတ်တလာမြို့တွင် ဖြစ်ပွားခဲ့သည့် လုပ်ကြံမှုအပြီး ထရန့်အပေါ် ထပ်မံပစ်မှတ်ထားလာသည့် လုပ်ရပ်ဖြစ်သည်။ လက်ရှိတွင် ဝါရှင်တန်ဒီစီအတွင်း လုံခြုံရေးကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားပြီး ပယ်ဖျက်လိုက်သည့် ညစာစားပွဲကို ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
#TrumpAssassinationAttempt #WashingtonDC #SecretService #WhiteHouseDinner #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN