အောင်ပန်းတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

(မှုခင်း)ဧပြီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာနေ အသက် ၂၀ အရွယ် မတင်ချိုင် ဆိုသူသည် ရွာအတွင်းရှိ ပိန္နဲပင်တစ်ပင်တွင် မတ်တပ်ရပ်အနေအထားဖြင့် ကြိုးဆွဲချသေဆုံးနေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ခြေချောင်း၊ လက်ချောင်းများ အတွင်းသို့ကုတ်ဝင်၍ သေဆုံးနေကြောင်း သိရသည်ယေအဆိုပါ သေဆုံးသူ မတင်ချိုင်သည် ခင်ပွန်းဖြစ်သူ အရက်သောက်စားသည့်ကိစ္စ ပြောဆိုရင်း စကားများကာ စိတ်ဆိုးပြီး ယင်းနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် နေအိမ်မှ ထွက်သွားခဲ့သဖြင့် ခင်ပွန်းဖြစ်သူကိုမြမောင်က ဆိုင်ကယ်ဖြင့် လိုက်လံခေါ်ဆောင်ခဲ့ရာ တွေ့ရှိခြင်းမရှိသဖြင့် အိမ်သို့ ပြန်လာစဉ် ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာတာဝန်ခံမှ ဖုန်းဆက်သွယ်ပြောကြားချက်အရ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ မတင်ချိုင်မှာ အိမ်ထောင်ကျပြီး ၇ လရှိချိန်ထိ သားသမီး မထွန်းကားသည့် ကိစ္စနှင့် ပတ်သက်ကာ စိတ်ကျရောဂါခံစားနေရ သူတစ်ဦးဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုမြမောင်၏ပြောကြားချက်အရ သိရသည်။

ထို့နောက် သေဆုံးသူ၏ရုပ်အလောင်းအား အောင်ပန်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ မတင်ချိုင်သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN