
(နိုင်ငံတကာ)ဧပြီ ၂၅
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲနေသော အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အလား အလာရှိသော ဆွေးနွေးပွဲသစ်များ ပေါ်ပေါက်လာရန် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် ပြင်ဆင်မှုများ စတင်နေပြီ ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီသည် ပါကစ္စတန်သို့ ရောက်ရှိနေပြီး၊ တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ၎င်း၏ ယုံကြည်စိတ်ချရသော ကိုယ်စားလှယ်များဖြစ်သည့် စတိဗ် ဝစ်ကော့ဖ် နှင့် ဂျရက်ဒ် ကွပ်ရှ်နာ တို့ကို စေလွှတ်လိုက်ခြင်းကြောင့် ဆွေးနွေးပွဲများ ဖြစ် မြောက်လာနိုင်ခြေအပေါ် နိုင်ငံတကာက စိတ်ဝင်စားနေကြသည်။
အိမ်ဖြူတော်က နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံကာ သဘောတူညီချက်တစ်ခုရရန် “ရှေ့တိုးလုပ် ဆောင်နိုင်လိမ့်မည်” ဟု မျှော်လင့်နေပြီး၊ အီရန်ဘက်မှ တိုးတက်မှုအချို့ ရှိနေသည်ဟု ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အရတ်ဂ်ချီ၏ ပါကစ္စတန်နိုင်ငံ ခရီးစဉ်သည် “နှစ်နိုင်ငံကိစ္စရပ်များ” အပေါ် အဓိကထား ဆွေးနွေးညှိနှိုင်းရန် ဖြစ်သည်ဟုသာ ပြောကြားခဲ့ပြီး အမေရိကန် ညှိနှိုင်းရေးမှူးများနှင့် တွေ့ဆုံရန် ရည်ရွယ်ချက်ရှိကြောင်း တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နှင့် တိုက်ရိုက်တွေ့ဆုံရန် အစီအစဉ်မရှိသေးဘဲ၊ ပါကစ္စတန်ကြားဝင်စေ့စပ်သူများမှတစ်ဆင့်သာ သဘောထားများကို အသိပေးသွားမည်ဟု သတိကြီးစွာ တုံ့ပြန်ထားသည်။
စစ်ပွဲရပ်တန့်ရေး ဆွေးနွေးနေကြသော်လည်း လက် တွေ့မြေပြင်တွင် တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုကို မဖယ်ရှားမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးနိုင်ကြောင်း အီရန်က အခိုင်အမာဆိုထားသည်။ အမေရိကန်သည် အီရန်၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန် ဒေါ်လာ ၃၄၄ သန်း တန်ဖိုးရှိ ခရစ်ပတိုပိုင်ဆိုင်မှုများကို ထပ်မံပိတ်ဆို့လိုက်သည်။ အီရန်အနေဖြင့် နျူကလီး ယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ကြောင်း သက် သေပြနိုင်မှသာ “ကောင်းမွန် သော သဘောတူညီချက်” ရနိုင်မည်ဟု ပင်တဂွန်က သတိပေးထားသည်။
ယခုခရီးစဉ်သည် ပဏာမ လေ့လာစမ်းသပ်သည့် အဆင့်သာဖြစ်ပြီး၊ ဆွေးနွေးမှုများ အောင်မြင်ပါက ပိုမိုမြင့်မားသော အစိုးရအဆင့် ထိတွေ့ဆက်ဆံမှုများ ဖြစ် လာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နေချိန်တွင် ယခုဆွေး နွေးပွဲသည် စစ်မီးငြိမ်းသတ်နိုင်မည့် တစ်ခုတည်းသော လမ်းစ ဖြစ်လာနိုင်ပါသည်။
#IranUSWar #PeaceTalks #PakistanSummit #TrumpEnvoys #HormuzStrait #InternationalDiplomacy #BreakingNews #PositiveAngleNews #MiddleEastNews
Telegram»…
https://t.me/positiveanglenews
#PAN