နေပြည်တော်အုတ်စက်ရုံအတွက် ကျောက်မီးသွေး ၅,၀၀၀ တန် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

(ပြည်တွင်း) ဧပြီ ၂၀

နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် နေပြည်တော်အုတ်စက်ရုံတွင် အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးထွက် ကျောက်မီးသွေး ၅,၀၀၀ တန် ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း အဆိုပါကော်မတီမှ သိရသည်။

ဝယ်ယူလိုသည့် ကျောက်မီးသွေးများသည် ရေငွေ့ပါဝင်မှုနှုန်း ၁၂ ရာခိုင်နှုန်းရှိပြီး အပူဓာတ်ပေးနိုင်မှုမှာ 5000 KCal/Kg နှင့် 9000 Btu/L ရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့ကြောင့် ရောင်းချလိုသူများအနေဖြင့် အဆိုပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောက်မီးသွေးများဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရမည်ဖြစ်သည်။

စိတ်ပါဝင်စားသည့် ရောင်းချလိုသူများသည် ဧပြီလ ၉ ရက်မှစ၍ တင်ဒါပုံစံများကို နေပြည်တော်အုတ်စက်ရုံတွင် ရယူနိုင်ပြီး ဧပြီလ ၂၃ ရက် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုကားလမ်း မိုင်တိုင် ၁၆/၄ ရှိ နေပြည်တော်အုတ်စက်ရုံတွင် ရုံးချိန်အတွင်း မေးမြန်းစုံစမ်း၍ ရယူနိုင်ကြောင်း သိရသည်။