
(နိုင်ငံတကာ) ဧပြီ ၁၈
ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် Turning Point USA အခမ်းအနားတွင် သမ္မတထရန့်က တက်ရောက် လာသူများကို ၎င်း၏အစိုးရလက်ထက်တွင် အမျိုးအမည်မသိ ပျံသန်းနေသည့် အရာဝတ္ထုများ (UFO) သို့မဟုတ် (UAP) နှင့် ပတ်သက်သည့် အစိုးရ ၏ လျှို့ဝှက်မှတ်တမ်းများကို ပြည်သူများ သိရှိနိုင်ရန် ချပြသွားမည်ဟု ဆိုသည်။
“ဒီသတင်းကို ခင်ဗျားတို့အတွက်ပဲ ကျွန်တော် ချန်ထားတာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ဒီလို ထူးထူးခြားခြားကိစ္စတွေကို စိတ်ဝင်စားကြတဲ့သူတွေ မဟုတ်လား” ဟု ၎င်းက ပရိသတ်ကို ရယ်မောကာ ပြောကြားခဲ့သည်။ ထို့ပြင် “ပထမဆုံး ထုတ်ပြန်မှုတွေကို အလွန်၊ အလွန်ကို မကြာခင်မှာပဲ စတင်မြင်တွေ့ရတော့မှာပါ” ဟု ၎င်းက အတည်ပြုခဲ့သည်။
အမေရိကန်အစိုးရသည် UFO များအကြောင်းကို ဆယ်စုနှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည်ဟု ယူဆနေကြသည့် လူထုအကြားတွင် ထရန့်၏ ယခုပြောကြားချက်က အကြီးအကျယ် စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။ ယခင်ကလည်း ထရန့်သည် ၎င်းအနေဖြင့် UFO ရှိ၊ မရှိကို အတိအကျ မသိရသေးသော်လည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း အကြိမ်ကြိမ် အရိပ် အမြွက် ပြောကြားခဲ့ဖူးသည်။
အဆိုပါ ဖိုင်များတွင် Roswell ဖြစ်ရပ်ကဲ့သို့သော သမိုင်းဝင် လျှို့ဝှက်ချက်များ သို့မဟုတ် မကြာသေးမီက စစ်တပ်က မှတ်တမ်းတင်ထားသည့် ထူးခြားသော မြင်ကွင်းများ ပါဝင်လာမလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သမ္မတထရန့်ကမူ ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားပြီဖြစ်ကြောင်း ဆိုသည်။
#UFO #Trump #UAP #AlienFiles #BreakingNews #SpaceMystery #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN