ဟော်မုဇ်ရေလက်ကြား ‘လုံးဝပွင့်သွားပြီ’ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

(နိုင်ငံတကာ) ဧပြီ ၁၇

     ​အစ္စရေးနှင့် လက်ဘနွန်တို့အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်၊ ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ကုန်သွယ်ရေးသင်္ဘောများအားလုံးအတွက် “လုံးဝပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ” ဖြစ်ကြောင်း အီရန်အစိုး ရက ကြေညာလိုက်သည်။

​     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ဂ်ချီက လက်ဘနွန်ရှိ အပစ်ရပ်စဲမှုနှင့်အညီ ရေလက်ကြားကို ကျန်ရှိနေသည့် အပစ်ရပ်ကာလအတွင်း ကုန်သွယ် ရေးသင်္ဘောများ အခမဲ့ဖြတ်သန်းနိုင်ရန် ဖွင့်လှစ်ပေး လိုက်ခြင်းဖြစ်ကြောင်း X လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုခဲ့သည်။ သို့သော် စစ်ဘက်ဆိုင်ရာမဟုတ်သော သင်္ဘောများကိုသာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ခွင့်ပြုချက်၊ သတ်မှတ်လမ်းကြောင်းအတိုင်း ဖြတ် သန်းခွင့်ပြုမည်ဟု သိရသည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ရေ လက်ကြားပြန်ပွင့်လာမှုကို အတည်ပြုခဲ့ပြီး အီရန်အနေဖြင့် ဤရေလမ်းကြောင်းကို “ကမ္ဘာကြီးအပေါ် လက်နက်တစ်ခုသဖွယ် နောက်နောင်အသုံးချတော့မည်မဟုတ်ကြောင်း” သဘောတူညီခဲ့သည်ဟု ဆို သည်။ သို့သော် လည်း အီရန်နှင့် အမေရိကန်အကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မရမချင်း အမေရိကန်ရေတပ် ၏ အီရန်အပေါ် ပိတ်ဆို့ထားမှုမှာ “အပြည့်အဝ ဆက် လက်တည်ရှိနေမည်” ဖြစ်သည်။ အီရန်၏ အဆင့်မြင့်သန့်စင်ယူရေနီယမ် (Nuclear dust) အားလုံးကို အမေရိကန်က ရရှိရမည်ဟု ထရန့်က ထပ်လောင်းပြောဆိုခဲ့သော်လည်း အီရန်ဘက်ကမူ ယင်းကိစ္စအတွက် မည်သည့်ညှိနှိုင်းမှုမျှ မရှိသေးကြောင်း ငြင်းဆိုထားသည်။

​     သမ္မတထရန့်က အစ္စရေးအနေဖြင့် လက်ဘနွန်ကို ဆက်လက်ဗုံးကြဲခြင်းမပြုရန် “တားမြစ်” (PROHIBITED)ထားကြောင်း ကြေညာခဲ့သည်။ လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်း သိမ်းမှုတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သန်း ခေါင်ယံအချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို မတွေ့ရှိရတော့ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သော်လည်း၊ အစ္စရေးစစ်တပ်သည် လက်ဘနွန်လေပိုင်နက်ကို ကျူးကျော်ခြင်းနှင့် လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။

     အစ္စရေးစစ်တပ်ဘက်ကမူ ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သဘောတူညီချက်အရ အစ္စရေးသည် ချက်ချင်းကျရောက်လာနိုင်သည့် တိုက်ခိုက်မှုများအပေါ် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့်အနေဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်သော်လည်း၊ လက်ဘနွန်တောင်ပိုင်းအပေါ် ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများကိုမူ လုပ်ဆောင်ခွင့်မရှိပေ။

​#HormuzStrait #Iran #DonaldTrump #OilMarket #LebanonCeasefire #NuclearDeal #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN