“ရန်သူလာလျှင် အသုံးပြုရန်” ဘီလာရုစ်သမ္မတက ကင်ဂျုံအန်းအား အော်တိုမက်တစ် တိုက်ခိုက်ရေးရိုင်ဖယ် လက်ဆောင်ပေးအပ်

(နိုင်ငံတကာ)မတ် ၂၇

    နိုင်ငံတကာ စစ်ရေးနှင့် နိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထူးခြား သော လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

​     ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ကင်ဂျုံအန်းအား ဘီလာရုစ်နိုင်ငံထုတ် ခေတ်မီ တိုက်ခိုက်ရေးရိုင်ဖယ် (Assault Rifle) တစ်လက်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်စဉ် လူကာရှန်ကိုက “ဒါဟာ ရန်သူတွေ ရုတ်တရက် ရောက်လာခဲ့ရင် အသုံး ပြုဖို့အတွက်ပါ” ဟု ထည့်သွင်းပြောကြားခဲ့ရာ နှစ်နိုင်ငံအကြား စစ်ရေးအရ ရင်းနှီးမှုကို ပြသလိုက်ခြင်း ဖြစ် သည်။

     အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်းကလည်း လူကာရှန်ကိုအား အနု ပညာလက်ရာမြောက် ပန်းအိုးကြီးတစ်လုံး၊ ဓားရှည် (Sword) တစ်လက်တို့အား လက်ဆောင်အဖြစ် ပြန် လည်ပေးအပ်ခဲ့သည်။ ပန်းအိုးကြီး က မြောက်ကိုရီးယား၏ ရိုးရာလက်ရာများကို ဖော်ပြသည့် အမှတ်တရလက်ဆောင်ဖြစ်ပြီး ဓားရှည် (Sword)မှာ အာဏာနှင့် သစ္စာရှိမှုကို ကိုယ်စားပြုသည့် ကိုရီးယားရိုးရာ ဓားရှည်တစ်စင်းကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

     ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို၏ မြောက်ကိုရီးယားနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရား ဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

     မတ်လ ၂၅ ရက်နေ့တွင် ပြုံယမ်းလေဆိပ်သို့ ရောက်ရှိလာသည့် လူကာရှန်ကိုအား မြောက်ကိုရီးယား ဒုတိယဝန်ကြီးချုပ် ကင်တော့ဟွန်းက ကြိုဆိုခဲ့ပြီး၊ နောက်ပိုင်းတွင် ကင်အီဆွန်းရင်ပြင်၌ ခေါင်း ဆောင် ကင်ဂျုံအန်းကိုယ်တိုင် အမြောက် ၂၁ ချက်ပစ်ဖောက်ကာ ခမ်းနားစွာ ကြိုဆိုခဲ့သည်။

​     ခရီးစဉ်၏ ဒုတိယနေ့ဖြစ်သော မတ်လ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် “ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်” (Friendship and Cooperation Treaty) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

     ဤခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုနှင့် လက်ဆောင်ဖလှယ်မှုသည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ခံထားရသည့် နိုင်ငံများအကြား မဟာမိတ်အင် အား ပိုမိုခိုင်မာလာခြင်းကို ပြသနေသည်။ အထူး သဖြင့် စစ်လက်နက်ပစ္စည်းများကို လက်ဆောင်အဖြစ် ပေးအပ်ခြင်းမှာ ၎င်းတို့အပေါ် ရန်လိုသည့် နိုင်ငံများကို သတိ ပေးလိုက်သည့် သဘောလည်း သက်ရောက်နေသည်။

​#Lukashenko #KimJongUn #BelarusNorthKorea #PyongyangVisit #Diplomacy #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN