(မှုခင်း) အောက်တိုဘာ ၂၂
ကမ္ဘောဒီးယားနိုင်ငံ ကမ္ပေါ့ပြည်နယ်တွင် လျှပ်စစ်ကြိုးခိုးယူမှုနှင့်ပတ်သက်၍ အငြင်းပွားရာမှ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် တနင်္လာနေ့ မွန်းလွဲ ၃ နာရီတွင် ကမ္ပေါ့ပြည်နယ်၊ ချူ့ခ်ခရိုင်၊ တက်ချိုသွန်ဘူရီကျေးရွာအုပ်စု၊ တက်ချိုအန်လောင်ကင်းကလန်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် အမည်မသိသူတစ်စုက နော့ပ်ချန်ရစ် (Nop Chanrith) အမည်ရှိ အမျိုးသားကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ၎င်းသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့သည်။
ယင်းနောက် အင်္ဂါနေ့ ည ၉ နာရီ ၅၀ မိနစ်တွင် အထူးတပ်ဖွဲ့ဝင်များသည် ဘတ်တမ်ဘန်းပြည်နယ်၊ ကမ်ရီယန်းခရိုင်၊ တာဆန်ကျေးရွာအုပ်စု၊ အိုတူးခ်သလာကျေးရွာ၌ ဖာလ်နင်မ် (Phal Nim) အမည်ရှိ အမျိုးသားကို ဖမ်းဆီးခဲ့သည်။
သံသယရှိသူက သေဆုံးသူသည် ၎င်း၏မိခင်ပိုင် လျှပ်စစ်ကြိုးကို ခိုးယူခဲ့ခြင်းကြောင့် လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သေဆုံးသူနှင့် ယခင်ကလည်း အငြင်းပွားမှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် သံသယရှိသူကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN