
(နိုင်ငံတကာ)မတ် ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံ ၏ လျှပ်စစ်ဓာတ်အားပေးကွန်ရက်ကို တိုက်ခိုက်ရန် ၎င်းကိုယ်တိုင် သတ်မှတ်ထားသည့် နောက်ဆုံးရက်ကို ဧပြီလ ၆ ရက်နေ့အထိ နောက်ဆုတ်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။ လက်ရှိဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများတွင် တိုးတက်မှုအချို့ရှိနေခြင်းကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း ထရန့်က ဆိုသည်။
ကြာသပတေးနေ့က ထွက်ပေါ်လာသော ဤကြေ ညာချက်သည် ရေနံတင်ပို့မှုအတွက် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန် လည်ဖွင့်လှစ်ရန် အီရန်အပေါ် သမ္မတထရန့်က ဆက် လက်ဖိအားပေးနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“အရှေ့ပိုင်းစံတော်ချိန် တနင်္လာနေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်၊ ည ၈ နာရီအထိ (၁၀) ရက်တိတိ ထပ်မံရွှေ့ဆိုင်းပေးလိုက်ပါတယ်” ဟု ထရန့်က Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ၎င်းက ဆက် လက် ၍ “ဆွေးနွေးပွဲတွေ ဆက်လုပ်နေပါတယ်။ သတင်းမှားမီဒီယာတွေနဲ့ တခြားသူတွေက မဟုတ်မမှန် ပြောဆိုနေကြပေမဲ့ ဆွေးနွေးပွဲတွေဟာ အလွန်အဆင်ပြေချောမွေ့နေပါတယ်” ဟု ဆိုသည်။
ဤရွှေ့ဆိုင်းမှုသည် အီရန်၏ စွမ်းအင်စနစ်ကို တိုက်ခိုက်မည်ဟု ထရန့်က ပထမဆုံးအကြိမ် ခြိမ်း ခြောက်ခဲ့ပြီးနောက်ပိုင်း နောက်ဆုံးထွက်ပေါ်လာသည့် ရွှေ့ဆိုင်းမှုဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထရန့်သည် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို မဖွင့်လှစ်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစနစ်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး “အကြီးဆုံးစက်ရုံကနေ စတင်တိုက်ခိုက်မယ်” ဟု ရေးသားခဲ့သည်။ ထို့နောက် တနင်္လာနေ့တွင်မူ “ကောင်းမွန်ပြီး အကျိုးရှိသော ဆွေး နွေးမှုများ” ရှိခဲ့ခြင်းကြောင့် တိုက်ခိုက်မှုကို ငါးရက် ထပ်မံရွှေ့ဆိုင်းမည်ဟု ဆိုခဲ့သော်လည်း အီရန်ဘက်ကမူ ထိုကဲ့သို့သော ဆွေးနွေးမှုများ မရှိခဲ့ကြောင်း ငြင်းဆိုထားသည်။ ယခု ကြာသပတေးနေ့တွင် ကြေညာလိုက်သည့် ရွှေ့ဆိုင်းမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ် သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ထရန့်အစိုးရအဖွဲ့သည် စစ်ပွဲဦးတည်ချက်နှင့် ပတ်သက်၍ ရှေ့နောက်မညီသော ထုတ်ပြန်ချက်များကို မကြာခဏ ထုတ်ပြန်လေ့ရှိသည်။
သို့သော်လည်း အီရန်၏ လျှပ်စစ်ဓာတ်အားပေးစနစ်ကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လက်ရှိစစ်ဆင်ရေးတစ်ခုလုံးအပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများကို ပိုမိုမြင့်တက်လာစေနိုင်သည့် အန္တရာယ်ရှိနေပါသည်။
အီရန်နိုင်ငံအပေါ် စတင်ကျူးကျော်တိုက်ခိုက်မှု သည် မည်သည့်လှုံ့ဆော်မှုမျှမရှိဘဲ တစ်ဖက်သတ်ကျူးကျော်သည့် လုပ်ရပ်ဖြစ်ကြောင်း ဥပဒေကျွမ်း ကျင်သူများက ဖော်ပြနေကြပြီဖြစ်သည်။ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ အရပ်ဘက် အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း သို့မဟုတ် ထိခိုက်စေခြင်းသည် “စစ်ရာဇဝတ်မှု” အဖြစ် သတ်မှတ်ခြင်း ခံရနိုင်ပါသည်။
ကောင်းမွန်ပြီး အကျိုးရှိသော ဆွေး နွေးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်နေသော်လည်း အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ အိမ်ဖြူတော်သည် အီရန်အပေါ် မြေပြင်စစ်ဆင်ရေးများ (Ground Operations) ဆင်နွှဲရန် စဉ်းစားနေကြောင်း သိရသည်။ ဤခြေလှမ်းသည် စစ်မီးကို ပိုမိုတောက်လောင်စေလိမ့်မည်ဟု စစ်ရေးလေ့လာသူများက သတိပေးထားကြသည်။
လက်ရှိအချိန်အထိ အီရန်နိုင်ငံအတွင်း လူပေါင်း (၁,၉၃၇) ဦးခန့် သေဆုံးခဲ့ပြီးဖြစ်ကာ အမေရိကန် တပ်ဖွဲ့ဝင် (၁၃) ဦး သေဆုံးခဲ့သည်။ ထို့အပြင် အရှေ့အလယ်ပိုင်း ဒေသအနှံ့အပြားတွင်လည်း နောက်ထပ် သေဆုံးမှုများစွာ ရှိနေကြောင်း သိရသည်။
သို့သော်လည်း အီရန်ဘက်ကမူ ဆွေးနွေးမှုများ ပြု လုပ်နေခြင်း မရှိကြောင်း ငြင်းဆိုထားပြီး၊ အကယ်၍ အမေရိကန် သို့မဟုတ် အစ္စရေးတို့က ၎င်းတို့၏ စွမ်း အင်ကွန်ရက်ကို ပစ်မှတ်ထား တိုက်ခိုက်လာပါက ဒေသတွင်း တိုက်ခိုက်မှုများကို ပိုမိုမြှင့်တင်သွားမည်ဟု ခြိမ်း ခြောက်ထားသည်။
#IranWarUpdate #GroundInvasion #CeasefireTalks #USMilitary #MiddleEastCrisis #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN