ကော့ကရိတ်မြို့အနီးတဝိုက်တွင် အကြမ်းဖက်သောင်းကျန်း သူ KTLA နှင့် PDF များရောက်ရှိပြီးမြို့ထဲသို့ မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ၊ အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁၉

       ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် KKO ခွဲထွက်အဖွဲ့မှ ဖားမဲခို (ကျော်သက်၏သားမက်) နှင့် PDF အကြမ်းဖက်အဖွဲ့မှ ကိုဇွဲ(ခ)ဇွဲဟိန်းခန့် ခေါင်းဆောင်သည့် အ​ကြမ်းဖက်သောင်းကျန်းသူ
ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့၊အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူကွက်သစ်ရှိ စိန်နဂါးရေသန့်စက်ရုံအနီးတဝိုက်တွင် အင်အား ၃၀ ဦးခန့်၊ ဝါဆိုဦးကျောင်းလမ်း သီလရှင်ကျောင်း အနီးတဝိုက်တွင် အင်အား ၃၀ ဦးခန့်ဖြင့်လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ဦးရပ်၊ ရွှေနတ်တောင်ဘုန်းကြီးကျောင်းကုန်းတွင် အင်အား ၂၀ ခန့်၊ ၊ ရေလယ်မြိုင်ဘုန်းကြီးကျောင်းကုန်းတွင် အင်အား ၂၀ ခန့် ရောက်ရှိဖြန့်ခွဲထားရှိကြောင်း၊ ၎င်းအဖွဲ့များသည် အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူ ဂိတ်(၃) နှင့် ခရိုင်ရဲဝန်းနှင့် နယ်မြေခံတပ် ခလရ (၉၇)ရင်းဌာနချုပ်တို့ကို ​နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မြို့တွင်းသို့ ၆၀ မမစိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့ရာ အမှတ် (၇)ရပ်ကွက်၊ ပဒုမ္မာလမ်း အမက(၉) နေရာအနီးတွင် ၁ လုံး၊အမှတ် (၂)ရပ်ကွက်၊ မြို့တော်ဦးရပ် ခမ(အမ်ယူ- ၂၀၆၃၀၆)နေရာအနီးတွင် ၁ လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ၁ လုံး(ပေါက်ကွဲမှုမရှိ)သို့ ကျရောက်ခဲ့ကြောင်း သိရပါသည်။

       ၎င်း အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးရူပါ(၅၃)နှစ်၊ (ဘ)ဦးခင်မောင်သွင်၊ ဗမာ/ဗုဒ္ဒ၊ ပဒုမ္မာလမ်း၊ အမှတ်(၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝဲခါးစောင်း ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးသိန်းဝင်း(၄၀)နှစ်၊ (ဘ)ဦးအေးသွင်၊ ဗမာ/ဗုဒ္ဒ၊ ပဒုမ္မာလမ်း၊ အမှတ် (၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာခြေသကြွယ် ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်ရွှေ (၅၅)နှစ်၊ (ဘ)ဦးထွန်းကြိုင်၊ ဗမာ/ဗုဒ္ဒ၊ သီးသန့်​ကောင်စီလိုင်း၊ အမှတ်(၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝဲပေါင် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်သန်းသန်းအေး (၃၃)နှစ်၊ (ဘ)ဦးအေးလွင်၊ ဗမာ/ဗုဒ္ဓ၊ ဘုရင့်နောင်လမ်း၊ မြို့တော်ဦးရပ်၊ အမှတ် (၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာလက်ဖမိုး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်လှမြင့် (၆၄)နှစ်၊ (ဘ)ဦးဖိုးလုံး၊ ဗမာ/ဗုဒ္ဓ၊ ဘုရင့်နောင်လမ်း၊ မြို့တော်ဦးရပ်၊ အမှတ် (၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာပုခုံး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KKO နှင့် PDF ပူးပေါင်း အင်အား ၅၀ ခန့်သည် ကျုံဒိုးမြို့၊ အာရှလမ်းမကြီးပေါ်ရှိ ငါးတိုင်စာသင်ကျောင်းတွင် ရောက်ရှိနေရာယူထားကြောင်း၊ ၎င်းနေရာသည် အကြမ်းဖက်သောင်းကျန်းသူ အများဆုံးဖြတ်သန်းတဲ့နေရာဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်ထိ သောင်းကျန်းသူမြို့ထဲသို့ မ၀င်ရောက်နိုင်သေးကြောင်း၊ ယ​နေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ မြို့အနီးနေရာတဝိုက်ကို နယ်မြေခံစစ်ကြောင်းက လိုက်လံရှင်းလင်းနေကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

#PAN