
(ပြည်တွင်း) မတ် ၂၁
နိုင်ငံတော်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးမှ လက်နက်ကိုင် အဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်း အဆက်မပြတ် ဝင်ရောက်လာလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လှုပ်ရှားလျက်ရှိသော PDF နှင့် AA အဖွဲ့ဝင် ၂၂ ဦးတို့သည် ရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘော ပေါက်လာသဖြင့် ဥပဒေဘောင်အတွင်းသို့ဝင်ရောက် လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများမှာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦးတို့ဖြစ်ပြီး ၎င်းတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။


ထိုသို့ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများမှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ ရွှေကျင်မြို့မှ အမျိုးသား ၁ ဦး၊ ရွှေတောင်မြို့မှ အမျိုးသား ၁ ဦး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ ဦး၊ ပန်းတောင်းမြို့မှ အမျိုးသား ၆ ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ ဦး၊ မင်းလှမြို့မှ အမျိုးသား ၁ ဦး၊ ဖြူးမြို့မှ အမျိုးသား ၁ ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုး သား (၂၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ဖြစ်ကြသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4 သေနတ် ၂ လက်၊ MA1 သေနတ် ၃ လက်၊ MA3 ၂ လက်၊ MA4 သေနတ် ၁ လက်၊ AK47 သေနတ် ၁ လက်၊ T-81 သေနတ် ၁ လက်၊ ပစ္စတို ၂ လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၄၀ မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက် နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက်ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀၊ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၃၀ နှုန်းဖြင့် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၀၊ လေသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေးငွေ ကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ် ဗုံး ၄ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
#PositiveAngle #BreakingNews #FactCheckMyanmar #AA #PDF #MilitaryUpdate2026
Telegram»…
https://t.me/positiveanglenews
#PAN