
(နိုင်ငံတကာ)မတ် ၂၁
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ၎င်းတို့၏ အဆင့်မြင့်အရာရှိနှင့် ပြောရေးဆိုခွင့်ရှိသူဖြစ်သူ Ali Mohammad Naini သည် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် IRGC ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သော အသက် ၆၈ နှစ်အရွယ် ဗိုလ်မှူးချုပ် Ali Mohammad Naini သည် ‘သောကြာ နေ့ အရုဏ်ဦးအချိန်တွင် အမေရိကန်-ဇီယွန်ဝါဒီများဘက်မှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုမြောက်သော၊ သူရဲဘော ကြောင်သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အာဇာ နည်အဖြစ် အသက်ပေးလှူသွားခဲ့သည်’ ဟု IRGC က သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
သတင်းရင်းမြစ်အချို့၏ အဆိုအရ Naini သည် အီရန်နိုင်ငံအတွင်းရှိ IRGC ၏ အဓိက ဆက်သွယ်ရေးနှင့် ကွပ်ကဲမှုဗဟိုဌာနတစ်ခုတွင် ရှိနေစဉ် အမေရိကန် – အစ္စရေးတို့၏ တိကျသေချာသော လေကြောင်းတိုက် ခိုက်မှု (သို့မဟုတ်) ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက် ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဤတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်က အီရန်ပစ်မှတ်ပေါင်း ၇,၀၀၀ ကျော်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေသည့် “Operation Epic Fury” ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။
Naini ဟာ အီရန်ရဲ့ စစ်ရေးဝါဒဖြန့်ချိရေးနဲ့ ပြည်သူ့ဆက်ဆံရေးမှာ အဓိကကျသူဖြစ်လို့ ဒီသေဆုံးမှုဟာ အီရန်စစ်တပ်ရဲ့ ဆက်သွယ်ရေးကဏ္ဍကို ထိခိုက်စေနိုင်သည်။
အီရန်ဘက်ကတော့ ဒီလုပ်ရပ်အတွက် အမေရိကန်နဲ့ အစ္စရေးကို အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားသည်။
Naini (နိုင်နီ) အသတ်ခံရမှုသည် သုံးပတ်မပြည့်မီကာလအတွင်း အီရန်အာဏာပိုင်အဖွဲ့အစည်းကို အကြီးအကျယ် ထိုးနှက်ဖျက်ဆီးလိုက်သည့် အဆင့်မြင့်အရာရှိကြီးများအား ဆက်တိုက်လုပ်ကြံမှုများထဲမှ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။
#PositiveAngle #AliMohammadNaini #IRGC #IranWar2026 #USIsraelAttack #MiddleEastConflict #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN