ပြည်ကြီးတံခွန်မြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

(မှုခင်း) မတ်လ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၂) လမ်း၊ မြဝတီမင်းကြီးလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၉ မိနစ်အချိန်တွင် မီးအား ထိန်းချုပ်နိုင်ခဲ့ပြီး ၇ နာရီ ၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရ