ဗြိတိန်စစ်သင်္ဘောများ စေလွှတ်မည်မဟုတ်သော်လည်း ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ဗြိတိန်နှင့် အမေရိကန် ပူးပေါင်းစီမံချက်ရေးဆွဲ

နိုင်ငံတကာ)မတ် ၁၉

     ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကအသက်သွေးကြောဖြစ်သော ဟော်မုဇ် ရေလက်ကြားကို အီရန်၏ ပိတ်ဆို့ထားမှုမှ ပြန်လည်လွတ်မြောက်စေရန် ဗြိတိန်စစ်ဘက်မှ ကျွမ်းကျင်သူများသည် အမေရိကန်စစ်ဌာနချုပ်သို့ သွားရောက်ကာ ပူးပေါင်းစီမံချက်များ ရေးဆွဲနေပြီ ဖြစ်သည်။

     ထိုသို့ ပူးပေါင်းစီမံချက်ရေးဆွဲရသော ရည်ရွယ်များမှာ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းခြိမ်းခြောက်မှုများကြားမှ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အမေရိကန် ဦးဆောင်သည့် Operation Epic Fury စစ်ဆင် ရေးတွင် ဗြိတိန်က နည်းပညာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အကြံပေးမှုများ ပြုလုပ်ရန်တို့ ဖြစ်သည်။

     စီမံချက်ဆွဲရာတွင် ပါဝင်သော်လည်း ဗြိတိန်အစိုးရသည် ၎င်းတို့၏ တော်ဝင်ရေတပ် (Royal Navy) စစ်သင်္ဘောများကို ရေလက်ကြားအတွင်းသို့ တိုက် ရိုက်စေလွှတ်ရန် ငြင်းဆိုထားသည်။ ဗြိတိန်စစ်ဘက် ထိပ်တန်းအရာရှိတစ်ဦးက “လက်ရှိ ကျရောက်နေတဲ့ ခြိမ်းခြောက်မှု အဆင့်အတန်းဟာ ဘယ်နိုင်ငံကမှ သူတို့ရဲ့ စစ်သင်္ဘောတွေကို အဲဒီလို အန္တရာယ်ဇုန်ထဲကို တိုက်ရိုက် ထိုးထည့်ဖို့ ဆန္ဒမရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” ဆိုသည်။

     ဗြိတိန်ကဲ့သို့ အင်အားကြီး မဟာမိတ်နိုင်ငံကပင် စစ်သင်္ဘောလွှတ်ရန် ကြောက်ရွံ့နေခြင်းမှာ အီရန်၏ ကမ်းရိုးတန်းကာကွယ်ရေး ဒုံးကျည်စနစ် (Anti-ship missiles) များသည် အလွန်ပင် ထိရောက်ပြီး အန္တရာယ်ရှိနေကြောင်း သက်သေပြနေသည်။

     ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရသရွေ့ ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက် မြင့်တက်နေဦးမည်ဖြစ်ပြီး၊ ယခုစီမံကိန်းမှာ စီးပွားရေးအရ အရေးတကြီး ပြန်ဖွင့်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

     အမေရိကန်က တိုက်ရိုက်ပါဝင်ရန် တိုက်တွန်းနေသော်လည်း ဗြိတိန်ကဲ့သို့ နိုင်ငံများက “နောက်ကွယ်က အကြံပေး” အခန်းကဏ္ဍတွင်သာ နေလိုကြခြင်းမှာ စစ်ပွဲအရှိန် မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

#PositiveAngle #HormuzStrait #UKMilitary #USIranWar2026 #OilCrisis #GlobalSecurity #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN