
(နိုင်ငံတကာ)မတ် ၁၂
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ၎င်းတို့၏ ဘဏ်တစ်ခု တိုက်ခိုက်ခံရပြီးနောက် ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်နွှဲနေသော “စီးပွားရေးဗဟိုဌာနများနှင့် ဘဏ်များ” ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ယခုအခါ အီရန်စစ်ပွဲသည် ၁၂ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
IRGC ပိုင်ဆိုင်သည်ဟု ကုလသမဂ္ဂက ဖော်ပြထားသော အဖွဲ့တစ်ခုဖြစ်သည့် Khatam al-Anbiya ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် “ရန်သူများသည် အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်းရှိ ဇီယွန်ဝါဒီအစိုးရပိုင် စီးပွားရေးဗဟိုချက်များနှင့် ဘဏ်များကို ပစ်မှတ်ထားရန် ကျွန်ုပ်တို့၏ လက်များကို ဖွင့်ထားခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။
“ဒေသတွင်းရှိ ပြည်သူလူထုအနေဖြင့် ဘဏ်များ၏ တစ်ကီလိုမီတာ ပတ်လည်အတွင်း မနေထိုင်ကြရန်” သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“အမေရိကန်များအနေဖြင့် ကျွန်ုပ်တို့၏ တန်ပြန်အရေးယူမှုနှင့် နာကျင်စေမည့် တုံ့ပြန်မှုများကို စောင့် မျှော်နေလော့” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ပွဲစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များသည် အီရန်နိုင်ငံအတွင်းရှိ အရပ်ဘက်နေရာပေါင်း ၁၀,၀၀၀ နီးပါးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁,၃၀၀ ကျော် သေ ဆုံးခဲ့ကြောင်း အီရန်ဘက်က ထုတ်ပြန်ထားစဉ်မှာပင် တဟီရန်မြို့တော်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ် ပွားနေပြီး အီရန်၏ တန်ပြန်တိုက်ခိုက်မှုများလည်း ဆက်ရှိနေ သည်။
အစ္စရေးနှင့် ဆက်နွှဲမှုရှိပြီး ၎င်းတို့၏ နည်းပညာများကို စစ်ရေးကဏ္ဍတွင် အသုံးပြုနေသည့် ထိပ်သီးအမေရိကန်ကုမ္ပဏီများ၏ ရုံးခန်းများနှင့် အခြေခံအဆောက် အအုံ စာရင်းတစ်ခုကို IRGC နှင့် ဆက်နွှဲနေသော Tasnim သတင်းဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ကို “အီရန်၏ ပစ်မှတ်အသစ်များ” ဟု ဖော်ပြခဲ့သည်။
ဤလုပ်ရပ်သည် ဒေသတွင်းရှိ ယူအေအီး (UAE)၊ ကာတာ (Qatar) နှင့် ဆော်ဒီအာရေဗျ ကဲ့သို့သော နိုင်ငံများရှိ အမေရိကန် စီးပွားရေးလုပ်ငန်းစုများကိုပါ စိုးရိမ်ထိတ်လန့်စေသည်။ အကယ်၍ ဘဏ်များနှင့် စီးပွားရေးဗဟိုဌာနများ တိုက်ခိုက်ခံရပါက ကမ္ဘာ့ရှယ်ယာဈေး ကွက်နှင့် ငွေကြေးစီးဆင်းမှုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သိရပါသည်။
#PositiveAngle #IranConflict #BankingWar #EconomicImpact #MiddleEastCrisis #USIsraelIran #InfrastructureWar
Telegram»…
https://t.me/positiveanglenews
#PAN