

(ပြည်တွင်း) မတ် ၁၂
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A) မှ အမှတ်(၁) စစ်ကွပ်ကဲရေးလက်အောက်ခံ အမှတ်(၉၁၅) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ ၂ ဦးအား မတ်လ ၁၁ ရက်နေ့တွင် တပ်ဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းသိရသည်။
ထုတ်ပယ်ခံရသူနှစ်ဦးမှာ ဗိုလ်မှူး စောဆို့လို့ (ကိုယ်ပိုင်အမှတ် က/၁၂၃၅) နှင့် ဗိုလ်ကြီး စောကရင်လေး (ကိုယ်ပိုင်အမှတ် က/၁၀၆၄)တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ကာ မိမိတို့အား ပေးအပ်ထားသည့် တာဝန်များထက် ကျော်လွန်ပြီး ပူးပေါင်းအဖွဲ့အစည်းများနှင့် ပါဝင်ပူးပေါင်းခဲ့ခြင်းကြောင့် ယခုလို ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အမိန့်ကို D.K.B.A ဗဟိုစစ်ဌာနချုပ်မှ အမိန့်အမှတ် (၁၄/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။