ဘတ်စ်ကားပေါ်၌ ကိုယ့်ကိုယ်ကိုဓာတ်ဆီ‌လောင်း မီးရှို့မှု့ကြောင့်လူ ၆ ဦးသေဆုံး

(နိုင်ငံတကာ) မတ်လ၁၂

ဆွစ်ဇာလန်နိုင်ငံ၊ ဖရစ်ဘော့ခရိုင် ကာဇစ်မြို့တွင် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားမီးလောင်မှုတွင် လူ ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦးက ဘတ်စ်ကားပေါ်၌ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ ဘတ်စ်ကားတစ်စီးလုံး ချက်ချင်းဆိုသလို မီးလောင်ကျွမ်းသွားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အဆိုပါအမျိုးသား အပါအဝင် ခရီးသည် ၆ ဦး သေဆုံးခဲ့ရပြီး ကျန် ၅ ဦးမှာ ဒဏ်ရာအမျိုးမျိုးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။