(မှုခင်း) ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၇ရက်နေ့တွင် လှိုင်သာယာမြို့နယ်တို့၌ YBS ယာဉ်လိုင်းများပေါ်ရှိ ခရီးသည်များထံမှ ခါးပိုက်နှိုက်ယူသူ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က စောင့်ကြည့်စစ်ဆေးဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တို့တွင် ရဲတပ်ဖွဲ့ဝင်များက YBS(53)ယာဉ်ပေါ်မှ ဆင်းလာသည့် ချင်းသူ(ခ)ကိုမိုးနှင့် မျိုးဇော်ထက်(ခ)ကုလားတို့ကို မသင်္ကာ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ရှိ ခရီးသည်အမျိုးသမီး ၂ ဉီး၏အိတ်များအတွင်းမှ iphone လက်ကိုင်ဖုန်း ၂ လုံးကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၉၂၁/ ၂၀၂၆ နှင့် (ပ) ၉၂၂/ ၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) / ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
အလားတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်(၁၃) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း ပင်လုံဈေးကားမှတ်တိုင်၌ ကြားကားယာဉ်ပေါ်မှ ဆင်းလာသည့် သက်ထွေးကို မသင်္ကာ၍ စစ်ဆေးရာ ခရီးသည်အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်မှ tecno spark အမျိုးအစား လက်ကိုင်ဖုန်းကိုနှိုက်ယူခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်း (ပ) ၇၄၄/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)နှင့် ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၅၄တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»… https://t.me/positiveanglenews
#PAN