(ပြည်ပ) ဩဂုတ် ၁၉
ရခိုင်ပြည်နယ်ဘက်ကို မှောင်ခိုတင်သွင်းမယ့် ဘိလပ်မြေနဲ့ ဓာတ်မြေဩဇာအိတ် အများအပြားကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ကော့စ်ဘဇားခရိုင်၊ ကူတပ်ဒီယာမြို့နယ် အူပါဇီလာမှာရှိတဲ့ တောင်ပိုင်း ကူတပ်ဒီယာ ရေလက်ကြားမှာ ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။
ကမ်းခြေစောင့်တပ်ရဲ့ အထူးစစ်ဆင်ရေးတစ်ခုအနေနဲ့ ဖမ်းဆီးရမိခဲ့တာြဖစ်တယ်လို့ ကမ်းခြေစောင့်တပ် မီဒီယာအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆာဘီရာ အလမ် ဆူဂျန်က ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
မှောင်ခိုသတင်းပေးချက်အရ ကူတပ်ဒီယာ ကမ်းခြေစောင့်တပ်စခန်းက အထူးအဖွဲ့တစ်ဖွဲ့ဟာ သြဂုတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ တောင်ပိုင်းကူတပ်ဒီယာ ရေလက်ကြားမှာ စစ်ဆင်ရေးတစ်ခု ပြုလုပ်ကာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး သံသယဖြစ်ဖွယ် ငါးဖမ်းလှေတစ်စင်းကိုလည်း ကြားဖြတ်ရှာဖွေခဲ့တာ ဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။
ထိုရှာဖွေမှုကဆင့် ရခိုင်ပြည်နယ်ဘက်ကို တရားမဝင် မှောင်ခိုတင်သွင်းဖို့ သယ်ယူလာတဲ့ ဘိလပ်မြေအိတ် ၂၅၀ နဲ့ ဓာတ်မြေဩဇာအိတ် ၆၀ အိတ် (တာကာ ၁၉၇၅၀၀ ခန့် တန်ဖိုး) ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂ်လားဒေ့ရှ်မီဒီယာ Daily Country Today သတင်းဌာနက ရေးသာားထားတာ ဖြစ်ပါတယ်။
ဝင်ရောက်စီးနင်းရှာဖွေစဉ်အတွင်း လူတွေမှာ ထွက်ပြေးနိုင်ခဲ့တာကြောင့် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လှေကို လိုအပ်တဲ့ ဥပဒေရေးရာလုပ်ငန်းစဉ်တွေအတွက် ကူတပ်ဒီယာ ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းခြေစောင့်တပ်အနေနဲ့ ရေလက်ကြားအတွင်းက မှောင်ခိုတင်သွင်းမှုကို တင်းကျပ်တဲ့စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီး တရားမဝင်ကုန်ကူးမှုကို ထိန်းချုပ်ဖို့ မှောင်ခိုကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း အနာဂတ်မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ထားတာကြောင့် တရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အနေနဲ့ ညှိနှိုင်းတိုက်တွန်းချက်တွေနဲ့ ကြိုးပမ်းနေပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ သဘောတူလက်ခံတာမရှိတာကြောင့် အခုလိုပဲ မှောင်ခိုတင်သွင်းနေကြတာလည်း ဖြစ်ပါတယ်။

Telegram»…https://t.me/positiveanglenews
#PAN