(မှုခင်း) မတ် ၁၁
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် Committee Representing Pyidaungsu Hluttaw (CRPH) နှင့် National Unity Government (NUG) အပါအဝင် ၎င်းတို့နှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများ၏ လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကို လိုက်ပါဆောင်ရွက်ခြင်းနှင့် အားပေးကူညီခြင်းများ ပြုလုပ်သူများအား ဆက်လက်ဖော်ထုတ် အရေးယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ အရေးယူဆောင်ရွက်လျက်ရှိစဉ် ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသော TikTok အကောင့် “HEHO News Ko Zawe” ပိုင်ရှင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ဟဲဟိုးမြို့ အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူ ခင်မောင်ထွေး (ခ) လေးငယ် (ခ) ဇဝီ ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဟဲဟိုးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် လှုံ့ဆော်မှုများနှင့် ဝါဒဖြန့်မှုများ ပြုလုပ်သူများကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
#PAN