အီရန်စစ်ပွဲနှင့် ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုကို ကန့်ကွက်ကြောင်းပြသသည့်အနေဖြင့် စပိန်နိုင်ငံက အစ္စရေးသံအမတ်ကို ပြန်လည်ရုပ်သိမ်း

(နိုင်ငံတကာ)မတ် ၁၁

     စပိန်အစိုးရသည် အစ္စရေးနိုင်ငံဆိုင်ရာ မိမိတို့၏ သံအမတ်ကြီးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။ ယင်းသည် အစ္စရေးက အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲအား စပိန်က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခြင်းဖြစ်သလို၊ ဂါဇာကမ်း မြောင်ဒေသတွင် ဖြစ်ပွားနေသည့် လူမျိုးတုံးသတ် ဖြတ်မှု (Genocide) အပေါ် မကျေနပ်မှုကို ပြသသည့် အမြင့်ဆုံး သံတမန်ရေးရာ တုံ့ပြန်မှုဖြစ်သည်။

    စပိန်သည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပြီး ၎င်းတို့၏ သံအမတ်ကို မက်ဒရစ်မြို့သို့ အကန့်အသတ်မရှိ ပြန်လည်ခေါ်ယူခဲ့သည်။

    စပိန်ဝန်ကြီးချုပ်က အီရန်အပေါ် တိုက်ခိုက်မှုများ သည် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု ဆို သည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် အရပ်သားသေဆုံးမှုများအတွက် အစ္စရေးတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို လေးစားရန် စပိန်က တောင်းဆိုထားသည်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက စပိန်ရဲ့ လုပ်ရပ်ဟာ ဟားမတ်စ် (Hamas) နဲ့ အီရန်ကျောထောက်နောက်ခံပြု အုပ်စုတွေအတွက် “အောင်ပွဲတစ်ခု” ဖြစ်စေတယ်လို့ ဆိုသည်။ စပိန်ဟာ အကြမ်းဖက်သမားတွေကို ရင်ဆိုင်မယ့်အစား အစ္စရေးကို သံတမန်ရေးအရ တိုက်ခိုက်ခြင်းက အကြမ်းဖက်ဝါဒကို ဆုလာဘ်ပေးသလို ဖြစ်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    အိုင်ယာလန်(Ireland)၊ နော်ဝေး (Norway) နဲ့ ဘယ်လ်ဂျီယံ (Belgium)စသည့် အခြားဥရောပနိုင်ငံများကလည်း အစ္စရေးရဲ့ ဂါဇာစစ်ပွဲနှင့် အီရန်အပေါ် စစ်ဆင်ရေးတို့အပေါ် စပိန်နိုင်ငံနည်းတူ ပြင်းပြင်းထန် ထန် ကန့်ကွက်နေကြသည်။

    အိုင်ယာလန်နိုင်ငံက အစ္စရေးရဲ့ လုပ်ရပ်တွေကို “လူသားချင်းစာနာမှု ကင်းမဲ့လွန်းသည်” ဟု ဝေဖန်လေ့ရှိပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိ အမှတ်ပြုထားသည်။ အီရန်နဲ့ စစ်ပွဲကျယ်ပြန့်လာတာကို တားဆီးဖို့ EU အနေနဲ့ အစ္စရေးအပေါ် ကုန်သွယ် ရေးပိတ်ဆို့မှုတွေ လုပ်ဖို့အထိ တိုက်တွန်းနေသည်။

    နော်ဝေးနိုင်ငံကလည်း အစ္စရေးကို လက်နက်တင်ပို့နေတာတွေကို ရပ်တန့်ဖို့ နိုင်ငံတကာကို တောင်းဆိုထားပါသည်။ ဂါဇာမှာ ဖြစ်ပွားနေတာတွေကို “Genocide” (လူမျိုးတုံးသတ်ဖြတ်မှု) မြောက်နိုင်တယ်လို့ သတိပေးထားပြီး အစ္စရေးအစိုးရကို နိုင်ငံတကာ ဥပဒေတွေ လိုက်နာဖို့ ဖိအားပေးနေပါသည်။

    ဘယ်လ်ဂျီယံအစိုးရဟာ အစောပိုင်းကတည်းက အစ္စရေးအပေါ် သဘောထားတင်းမာခဲ့တဲ့ နိုင်ငံဖြစ် သည်။ အစ္စရေးအခြေစိုက် ကုမ္ပဏီအချို့အပေါ် စီးပွားရေးအရ ကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပါသည်။ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ဒေသတွင်းကို မီးလောင်ရာလေပင့် ဖြစ်စေတယ်လို့ ယူဆပြီး စစ်ရေးနည်းလမ်းထက် သံတမန်နည်းလမ်းကိုသာ အလေးပေးဖို့ ပြောဆိုနေသည်။

    ဥရောပနိုင်ငံအားလုံးက အစ္စရေးကို ကန့်ကွက်နေခြင်းတော့ မဟုတ်ပါ။ ဂျာမနီ (Germany)၊ ဩစတြီးယား (Austria) နဲ့ ဟန်ဂေရီ (Hungary) တို့ကတော့ အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့် အဝ ထောက်ခံနေကြဆဲဖြစ်လို့ ဥရောပသမဂ္ဂအတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အုပ်စုနှစ်စု ကွဲနေသည်ဟု သိရသည်။

#PositiveAngle #IsraelResponse #SpainVsIsrael #DiplomaticWar #IranConflict #InternationalPolitics

Telegram»…
https://t.me/positiveanglenews

#PAN