အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးကြောင်း အီရန်ထုတ်ပြန်

(နိုင်ငံတကာ)မတ် ၁၀

     အီရန်အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် လေ ကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများအတွင်း အီရန်နိုင်ငံသား ၁,၂၅၅ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အများစုမှာ လက်နက်မဲ့အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်သည်ဟု ဆိုသည်။

     တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာမက လူနေထူထပ်သော ရပ်ကွက်များ၊ အခြေခံအဆောက်အအုံများကိုပါ ထိမှန်ခဲ့သဖြင့် အရပ်သားသေဆုံးမှု မြင့်မားခဲ့ခြင်းဖြစ်ကြောင်း အီရန်ဘက်က စွပ်စွဲထားသည်။

အမေရိကန်သမ္မတ ထရမ့်နှင့် အစ္စရေးအစိုးရတို့ကမူ ၎င်းတို့၏ စစ်ဆင်ရေးများသည် အီရန်၏ ဒုံး ကျည်စခန်းများနှင့် စစ်ရေးအရ အရေးပါသော နေရာများကိုသာ တိကျစွာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အီရန်ဘက်က ထုတ်ပြန်တဲ့ သေဆုံးသူ ၁,၂၅၅ ဦး ဆိုတဲ့ အရေအတွက်ဟာ “အလွန်အမင်း ချဲ့ကားထားတဲ့ ဝါဒဖြန့်မှု” (Grossly exaggerated propaganda) သာ ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ ထောက်လှမ်းရေးသတင်းတွေအရ သေဆုံးသူအရေ အတွက်ဟာ ဒီပမာဏထက် အဆပေါင်းများစွာ လျော့နည်းကြောင်း တုံ့ပြန်ထားသည်။

ဤမျှများပြားသော သေဆုံးမှုစာရင်းကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အရပ် သားများအား ကာကွယ်ရန်နှင့် စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် တိုက်တွန်းနှိုးဆော်နေကြသည်။

​​#PositiveAngle #WhiteHouseResponse #USIranWar #ConflictUpdate #Geopolitics #MiddleEastNews #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN