
(ပြည်တွင်း) မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်း မြောက်အရှေ့ရပ်ကွက်၊ နတ်စင်လမ်းတွင် ယနေ့အစောပိုင်းက လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မီးစတင်လောင်ကျွမ်းသည့် အချိန်မှာ မတ်လ ၉ ရက် ည ၁၁ နာရီ ၅၇ မိနစ်ခန့်ဖြစ်ပြီး မီးလောင်မှုအဆင့်ကို Level 2 အထိ သတ်မှတ်ခဲ့ရပြီး ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ် အစီး ၂၀ ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။


မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မတ် လ ၁၀ ရက် ည ၁၂ နာရီ ၂ မိနစ်အချိန်တွင် မီးအား အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။ လမ်းကျဉ်းခြင်းနှင့် လူနေထူထပ်ခြင်းတို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်ရာတွင် အခက်အခဲအချို့ ရှိခဲ့သော်လည်း ပတ်ဝန်းကျင်သို့ ကူးစက်မှုမရှိအောင် ထိန်းချုပ်နိုင်ခဲ့သည်။
လူထိခိုက်သေဆုံးမှု မရှိသော်လည်း နေအိမ်တိုက် ခန်းအတွင်းရှိ ပရိဘောဂများနှင့် ပစ္စည်းများ အများအပြား မီးလောင်ပျက်စီးခဲ့သည်။
ကနဦးစစ်ဆေးချက်အရ လျှပ်စစ်ဝိုင်ယာရှော့ (Short Circuit) ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသော်လည်း မီးသတ်တပ်ဖွဲ့က အသေးစိတ် ဆက်လက်စစ်ဆေးနေဆဲ ရှိကြောင်း သတင်းရရှိသည်။
#PositiveAngle #YangonNews #Kyimyindine #FireAlert #MyanmarSummer #SafetyFirst #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN