သုဝဏ္ဏလမ်းဆုံမီးပွင့်မှာ အိမ်စီးကားနှင့်အငှားယာဉ်တိုက်မိပြီး တစ်ဦး သေဆုံး နှစ်ဦးဒဏ်ရာရ

(မှုခင်း) မတ်လ ၇

ရန်ကုန်တိုင်းဒေသကြီး၊သင်္ကန်းကျွန်းမြို့နယ်၊သုဝဏ္ဏလမ်းဆုံမီးပွင့်တွင် အိမ်စီးကားနှင့်အငှားယာဉ်တိုက်မိရာ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်၂နာရီအချိန်ခန့်က သုဝဏ္ဏလမ်းဆုံမီးပွင့်တွင် အိမ်စီးကားနှင့်အငှားယာဥ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အငှားယာဥ်မောင်း သေဆုံးခဲ့ကြောင်း အငှားယာဥ်ပေါ်ပါသော သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရ လူနာနှစ်ဦးကို မိုးစေတနာအသင်းနဲ့ ရှင် သန်ရေးကူညီမှုအသင်းကားတို့ဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။