
(နိုင်ငံတကာ)မတ် ၇
ကနေဒါအတိုက်အခံခေါင်းဆောင် ပီယာ ပွိုင်လီဗာ (Pierre Poilievre)က အရှေ့အလယ်ပိုင်းဒေသသည် ဥရောပ၏ စွမ်းအင်လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သလို၊ ရုရှားကလည်း မဖြည့်ဆည်းပေးနိုင်ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ ရုရှား-ယူကရိန်း ပဋိပက္ခတွေကြားမှာ ဥရောပရဲ့ စွမ်းအင်လုံခြုံရေး (Energy Security) အတွက် ကနေဒါကို အဓိက နိုင်ငံအဖြစ် အစားထိုးရန် ရည်ရွယ၍ ပြောကြားခြင်းဖြစ်ပါတယ်။
ဥရောပအနေနဲ့ ရုရှားရဲ့ စွမ်းအင်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့ (Break dependence) ကနေဒါရဲ့ စွမ်းအင်အရင်းအမြစ်တွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
အခုဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဟာ စွမ်းအင်အတွက် စိတ်မချရတဲ့ဒေသ ဖြစ်နေပြီလို့ သူက ထောက်ပြထားပါတယ်။
ကနေဒါနိုင်ငံဟာ ကမ္ဘာမှာ စတုတ္ထမြောက် ရေနံအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး သဘာဝဓာတ်ငွေ့ (LNG) အမြောက်အမြားလည်း ရှိပါတယ်။ ပွိုင်လီဗာက သူသာ အာဏာရလာရင် ကနေဒါရဲ့ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပြီး ဥရောပကို တင်ပို့သွားမယ်လို့ ကတိပေးထားတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews
#PAN