အမေရိကန်သည် အီရန်တွင် ခေါင်းဆောင်မှုအသစ်ကိုမူ လိုလားကြောင်း မာကို ရူဘီယို ပြောကြား

(နိုင်ငံတကာ)မတ် ၇

     ⁠အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က အီရန်တွင် အစိုးရအပြောင်းအလဲလုပ်ရန် ‘တရားဝင်’ ကြိုးပမ်းနေခြင်းမဟုတ်သော် လည်း ခေါင်းဆောင်မှုအသစ်ကိုမူ လိုလားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

     ဒီပြောကြားချက်ဟာ အီရန်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ စစ်ပွဲကာလ ခန့်မှန်းချက်ကို အရေးကြီးတဲ့ အရိပ်အယောင်တွေ ပေးနေပါတယ်။

    အမေရိကန်အနေနဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ တရားဝင် မကြေညာထားပေမဲ့ အီရန်မှာ လက်ရှိခေါင်း ဆောင်ပိုင်းနဲ့ မတူတဲ့ “ခေါင်းဆောင်မှုအသစ်” ပေါ်ထွန်းလာတာကို မြင်တွေ့လိုတယ်လို့ ဆိုပါတယ်။

     လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ “နောက်ထပ် ရက် သတ္တပတ် အတော်ကြာ (Several more weeks)” အထိ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သူက သတိပေးလိုက်ပါတယ်။

     ရူဘီယိုရဲ့ ပြောကြားချက်မှာ အစိုးရဖြုတ်ချရေး (Regime Change) ဆိုတဲ့ စကားလုံးကို တရားဝင်သုံးနှုန်းခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ နိုင်ငံတကာ ဥပဒေကြောင်းအရ ပြဿနာတွေကို ရှောင်လွှဲထားပေမဲ့၊ လက်တွေ့မှာတော့ အီရန်အစိုးရ ယိမ်းယိုင်သွားအောင် စစ်ရေးအရ ဆက်လက်ဖိအားပေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araghchi) က မာကို ရူဘီယို၏ ပြောကြားချက်များသည် အမေရိကန်အနေဖြင့် အစ္စရေး၏ ကိုယ်စား စိတ်ကြိုက်ရွေးချယ်ထားသော စစ်ပွဲ (War of Choice)” အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ် ကြောင်း သက်သေပြနေသည်ဟု ဆိုသည်။ အမေရိကန်က ပြောဆိုနေသည့် “အီရန်၏ ခြိမ်းခြောက်မှု” ဆိုသည်မှာ ဘယ်သောအခါမှ ရှိမနေခဲ့ဘဲ၊ ယခုတိုက်ခိုက်မှုများသည် အကြောင်းမဲ့ ကျူးကျော်မှုသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

      ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အာမီ ဆာအိ အီရာဗာနီ (Amir Saeid Iravani) က “အီရန်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်”ဟု ဆိုကာ အမေရိကန်က အီရန်၏ ခေါင်း ဆောင်အသစ် ရွေးချယ်မှုတွင် ပါဝင်ပတ်သက်လိုသည်ဟူသော အချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

     အီရန်၏ ခေါင်းဆောင်မှုကို ရွေးချယ်ခြင်းသည်     အီရန်ပြည်သူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရသာ ဆောင်ရွက်မည်ဖြစ်ပြီး၊ မည်သည့် ပြည်ပအင်အားစု၏ စွက်ဖက်မှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

     အီရန်အစိုးရက ၎င်းတို့သည် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းနေစဉ်အတွင်းမှာပင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ခံခဲ့ရခြင်းဖြစ်သောကြောင့်၊ အနောက်နိုင်ငံများအပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီဖြစ်ကြောင်းနှင့် ယခုအချိန်သည် “သံတမန်ရေးရာ အချိန်မဟုတ်ဘဲ တိုင်းပြည်ကို ကာကွယ်ရမည့်အချိန်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN