




(မှုခင်း) ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ လှည်းကူးမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ ယနေ့ နံနက်အစောပိုင်းက မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးဘေးရှိ ဘုန်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁ နာရီ ၃၃ မိနစ်ခန့်က လှည်းကူမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်း၌ နေအိမ်မီးလောင်မှုဖြစ်ပွား၍ လှည်းကူးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီ ၄၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ အပိုင်း(၂)၊ ငမိုးရိပ်(၁၀) လမ်းတွင် နံနက် ၅ နာရီခွဲခန့်က တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၅ နာရီ ၄၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။