ပေါင်မြို့နယ်မှာ စည်းကမ်းမဲ့ လုပ်ဆောင်မှုတွေကြောင့် ဒေသခံတွေ စိတ်ပျက်နေ

(ပြည်တွင်း) နိုဝင်ဘာ ၇

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ တားမြစ်ချက်တွေချိုးဖောက်တာ ထုတ်ပြန်ထာယတဲ့စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက် လုပ်ဆောင်မှုတွေကြောင့် ဒေသခံတွေ စိတ်မသက်သာရာ ရောက်နေရတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်က မလတ်တောင်မြေပြိုမှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် တောင်ဖြိုကာ မြေတူးဖော်ရောင်းစားမှုတွေကို ပြည်နယ်အစိုးရက တားမြစ်ထားပေမယ့် တောင်ကပါးရံတွေဖြိုကာ မြေတူးဖော်ရောင်းချမှုတွေရှိနေပါတယ်။

ဒေသတွင်းသတင်းတွေအရ ပြီးခဲ့တဲ့ နှစ်ကစပြီး မြေတူးဖော်မှုတွေကို ရဲတင်းစွာပြန်လည်လုပ်ကိုင်လာကြလို့ မြေပြိုပြီး ရွာထိခိုက်မှာကိုလည်း ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ပေါင်မြို့နယ်ဟာ မုတ္တမကွေ့အနီးမှာရှိတာကြောင့် မိုးရွာသွန်းမှုအားကောင်းတဲ့မြို့နယ်ဖြစ်လို့ အခုလိုမြေတူးမှုတွေကြောင့် မြေပြိုမှုတွေဖြစ်လာနိုင်ပါတယ်။

ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ နယ်မြေ ၁၂ သာယာငြိမ်းချမ်းဘုန်းကြီးကျောင်းအနီးတောင်ကုန်းမှာ ကတွန်ကျေးရွာက လုပ်ငန်းရှင် ဦးလှအောင်က တောင်ဖြို မြေတူး ရောင်းစားနေလို့ တာမြစ်ပေးဖို့ ဒေသခံတွေလိုလားနေကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကတော့ စိိုးရိမ်တယ်လေ ခက်တာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အိမ်အနီးမှာဘဲတူးနေတာဆိုတော့ ဘာပြောရတော့မလဲ။ ဘယ်သူ့ကိူဘာ်လိုပြောရမလဲမသိတော့ဘူး” လို့ အဲဒီဒေသက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်မှာ အုပ်ချုပ်သူအစိုးရအဖွဲ့ခေါင်းဆောင်အချို့ အပြောင်းအလဲဖြစ်ခဲ့ပေမယ့် လောင်းကစားဝိုင်းတွေကတော့ ပပျောက်သွားတာမရှိသေးဘဲ ဆက်လက်ရှင်သန်နေဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာတဲ့ ပြည်နယ်လွှတ်တော်ရဲ့ထောက်ခံချက်နဲ့ အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာပေမယ့် ၈ လအကြာနီးပါးရောက်လာတဲ့အထိ လောင်းကစားဝိုင်းတွေက ဆက်လက်ရှင်သန်နေဆဲပါ။

မွန်ပြည်နယ် ပေါင်မြို့နယ်ထဲမှာ ဒေသခေါ် အံဂလုံ ဝိုင်းတွေ အနီထောင်ဝိုင်းတွေနဲ့ ငါးပစ်ဂိမ်းခုံတွေပါဝင်တဲ့ လောင်းကစားပွဲတွေကို ပြည်နယ်အခြေစိုက်ဇာတ်သဘင်ပွဲတွေရဲ့ကပြမှုတွေနဲ့အတူ တွေ့မြင်နေရပါတယ်။”ပွဲတွေက မိုးရော နွေရောရှိတယ်။ မိုးတွင်းဆိုရင် ရုံနဲ့ ကတယ်။လောင်းကစားဝိုင်းတွေလည်းရုံနဲ့ မိုးကုန်လာပြီဆိုတော့ လယ်ကွက်တွေမှာ ဘာပွဲတော်မှလည်းမဟုတ်ပဲနဲ့ လုပ်ချင်တိုင်းကိုလုပ်နေတာ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

လောင်းကစားဝိုင်းတွေကို ကျေးရွာနဲ့ရပ်ကွက်တွေက အရန်မီးသတ်တွေပသစ လို့ခေါ်တဲ့ ပြည်သူ့စစ်ဌာနေတွေက လုံခြုံရေးယူပေးထားကြပါတယ်။”ဒီပွဲ​တွေက တစ်နေရာပြီး တစ်နေရာ ရွှေ့တယ် တစ်နေရာမှာ ၃ ဇာတ်လောက်ကတယ် တစ်ဇာတ်ကို ၃ ညဆိုရင် ၉ ရက် ၁၀ ပေါ့ ပြီးရင်နောက်တစ်နေရာရွှေ့သွားကြတယ်” လို့လည်း မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ပေါင်မြို့နယ်က တစ်ချို့ရပ်ကွက်တွေမှာကတော့ လောင်းကစားကင်းစင်နယ်မြေလို့ ဆိုင်းဘုတ်တွေထောင်ထားကြပေမယ့် ဇာတ်ပွဲနဲ့ပြုလုပ်တဲ့လောင်းကစားပွဲတွေမလုပ်ပေမယ့် ၂ လုံး ၃ လုံးရောင်းချတာတွေ့တော့ ရှိနေဆဲပါ။

Telegram – t.me/positiveanglenews

#PAN