
(မှုခင်း)ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကျေးရွာ၊ ရတနာပုံတံတား(နှာပေါက်)စစ်ဆေးရေးဂိတ်၌ ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကျေးရွာ၊ ရတနာပုံတံတား(နှာပေါက်)စစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ဘက်မှ စစ်ကိုင်း မြို့ဘက်သို့ မြစ်သားမြို့နယ်၊ ရွှေလောင်းကျေးရွာနေ ချမ်းမြေ့အောင်(၂၄)နှစ် မောင်းနှင်လာသည့် AYY-23 1N/xxxx HYUNDAI STAREX မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ဒီဇယ်ဆီ ၁၅၉ ဂါလံအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒီဇယ်ဆီများအား တရားမဝင်သယ်ဆောင်လာသူချမ်းမြေ့အောင်အား အမရပူရမြို့မရဲစခန်း (ပ)၂၉/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN