တောင်တွင်းကြီးမြို့နယ်တွင် ဂုံညှင်းတန်းအုပ်စုဥက္ကဋ္ဌ ဦးကျော်ဌေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

(မှုခင်း) နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဂုံညှင်းတန်းအုပ်စုဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ဌေးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဂုံညှင်းတန်းအုပ်စုဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ဌေး (အဘ) ဦးညွှန့်မောင်သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် နေအိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ဦးကျော်ဌေးကို နေအိမ်အတွင်းမှ အပြင်သို့ ခေါ်ထုတ်ပြီး အသင့်ပါလာသည့် ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်း၊ နောက်စေ့၊ လည်ပင်းနှင့် ညာဘက်ရင်အုံတို့တွင် သေနတ်ဒဏ်ရာတစ်ချက်စီ၊ စုစုပေါင်း ဒဏ်ရာလေးချက်ရရှိကာ အခင်းဖြစ်ပွားရာ နေအိမ်ရှေ့တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ ဦးကျော်ဌေး၏ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN