အရည်အသွေးမမှီတဲ့ ဒီဇယ်သင်္ဘောကို ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံကို ပြန်လွှတ်

(စီးပွားရေး) ဖေဖော်ဝါရီ ၃

အရည်အသွေး စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ဒီဇယ်သင်္ဘောတစ်စင်းကို သုံးစွဲသူပြည်သူတွေ နစ်နာမှုမရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံကို ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာရှိတဲ့ Apax Tarminal ကို ဇန်နဝါရီ ၂၆ ရက်နေ့က Tankar နဲ့ ရောက်ရှိလာတဲ့ ရိုးရိုးဒီဇယ်ဆီ (HS0 500 PM) ကို နမူနာရယူကာ ဓာတ်ခွဲဝန်းမှာ အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ပြီး စမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာတဲ့ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) ဟာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် သုံးစွဲသူပြည်သူတွေ နစ်နာမှုမရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အများ ပြည်သူများ အသုံးပြုလျက်ရှိတဲ့ စက်သုံးဆီတွေရဲ့ အရည်အသွေးနဲ့ အခြင်အတွယ်ပြည့်စီ မှန်ကန်မှုရှိစေရေးအတွက် စိစစ်ထိန်းကျောင်း ကြပ်မတ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိတဲ့ အပြင် ပြည်ပကတင်သွင်းခြင်းနဲ့ ပြည်တွင်းမှာ ထုတ်လုပ်ကာ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချနေတဲ့ စက်ဆီချောဆီတွေရဲ့ အရည်အသွေး ကိုက်ညီမှန်ကန်မှုရှိစေရေး တို့ကိုလည်း ထိန်းကျောင်းကြပ်မတ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်သုံးဆီတွေကို ပြည်ပက ဝယ်ယူ တင်သွင်းနေရလျက်ရှိပြီး တင်သွင်းလာလာတဲ့ စက်သုံးဆီတွေ အရည်အသွေးနဲ့ အခြင်အတွယ် ပြည့်မီရေး၊ ပြည်သူတွေ ဈေးနှုန်းတည်ငြိမ်ရေး ပြည်သူများဈေးနှုန်းတည်ငြိမ်စွာနဲ့ ဝယ်ယူသုံးစွဲနိုင်ရေး၊ ရေနံ ထွက်ပစ္စည်း ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အဆင်ပြေချောမွေ့မှုရှိစေရေးတို့အတွက် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။