(ပြည်တွင်း) ဇန်နဝါရီ ၂၈
ဆွာချောင်းယာယီဘေလီတံတားရဲ့ခံနိုင်ဝန်အားကန့်သတ်ချက်ကြောင့် အမြန်လမ်းအသုံးပြုတဲ့ယာဉ်တွေကို ၂၃ တန်အထိသာအများဆုံးသယ်ဆောင်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ငလျှင်ကြောင့် ပျက်စီးသွားတဲ့ ရန်ကုန် မန္တလေးအမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတားအသစ်တည်ဆောက်ခြင်းပြီးစီးတဲ့အထိ လက်ရှိအသုံးပြုနေတဲ့ ယာဘီဘေလီတံတားရဲ့ခံနိုင်ဝန်အား ကန့်သက်ချက်အရ အမြန်လမ်းတိုးဂိတ်ကတ္တာတွေမှာခရီးသည်တင်မှန်လုံယာဉ်ကြီးတွေနဲ့ ခွင့်ပြုကုန်စည်တင်ယာဉ်တွေကို ယာဉ်+ခရီးသည်+ပစ္စည်း စုစုပေါင်း ၂၃ တန် အထိသာ အများဆုံးသယ်ဆောင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

အလေးချိန်(၂၃) ထက်ပိုတဲ့ယာဉ်တွေအနေနဲ့ အမြန်လမ်းကို(လုံးဝ)သုံးစွဲခွင့်ပြုမှာမဟုတ်ဘဲ အခြားလမ်းတွေက သွားလာရမှာဖြစ်တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#PAN
