(ပြည်တွင်း) ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးက မဲအသာစီးရနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်သားဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဟာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရေကြည်မြို့နယ်ကနေပဲ ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ အခြေအနေအရ မဲရုံပေါင်း (၁၁၀) ရုံရှိတဲ့ ရေကြည်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ၁၀၂ ရုံမှာအနိုင်ရထားတယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်မှာ နိုင်ငံရေးပါတီ (၇)ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနဲ့ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။
ရေကြည်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၂၅၁၂၁ ဦး ရှိတယ်လို့ သိရပါတယ်။
#PAN