ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြိုင်ပွဲဝင်တဲ့ လမ်းမတော်မှာ USDP အနိုင်ရဟုဆို

(ပြည်တွင်း) ဇန်နဝါရီ ၂၅

လမ်းမတော်မြို့နယ်ကနေဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

လမ်းမ​တော်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးရန်မျိုးအောင်သိန်းက ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) မှာပါဝင်တဲ့ လမ်းမတော်မြိုနယ်မှာ မဲရုံပေါင်း ၂၂ ရုံရှိတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ဥိးကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

#PAN