ရွာတစ်ဝက်ကျော် မီးလောင်သွားတဲ့ အုပ်ရှစ်ကွင်းကျေးရွာက ဒေသခံတွေ အကူအညီလိုအပ်နေ

(ပြည်တွင်း) ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု အုပ်ရှစ်ကွင်းကျေးရွာမှာ ဇန်နဝါရီလ ၂၅ ရက်​နေ့ မနက် ၉ ခွဲက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အုပ်ရှစ်ကွင်းကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိတယ်လို့သိရပြီး မီးလောင်မှုကြောင့်  ၃၈ အိမ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်ဆုံးရှုံးထားသူတွေဟာ လက်ရှိမှာ ယာယီနေထိုင်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#PAN