အေးသာယာမြို့တွင် စက်သုံးဆီဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ “တပင်ရွှေထီး” စက်သုံးဆီဆိုင်တွင် GENLYON(အဖြူရောင်)(၁၂)ဘီး ယာဉ်ပေါ်မှ စက်သုံးဆီများအား Flower Pump ဖြင့် ပီပါအတွင်းသို့ ဆီထည့်ရာမှ တည်ငြိမ်လျှပ်စစ်ကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ တောင်ကြီးခရိုင်အတွင်းရှိမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်(၁၃)စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးဇော်ထွန်း(၃၅)နှစ် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ခင်ဝင်းဌေး (၅၄)နှစ် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) စုစုပေါင်း(၂)ဦးအား စက်သုံးဆီဆိုင် ကိုယ်ပိုင်ယာဉ်ဖြင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် GENLYON(အဖြူရောင်)(၁၂)ဘီးယာဉ်(၁)စီး၊ (92)ဓါတ်ဆီပီပါ (၅၀)လုံးခန့်၊ ဒီဇယ်ပီပါ(၁၅)လုံးခန့်၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် အဆောက်အအုံ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မန်နေဂျာ ဒေါ်ခင်ဝင်းဌေး(၅၄)နှစ်အား အေးသာယာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။