မြောက်ဥက္ကလာပမြို့နယ်တွင် ဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ လေဆိပ်အဝင်လမ်းတွင် ပိုင်ရှင် ဦးဝေယံလင်းရွှေ၏ (၁၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂)ထပ် အဆောက်အအုံ အောက်ထပ်ရှိ Wai Wai(Phone Service & Accessories)ဆိုင်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၃ နာရီ ၅၉ မိနစ်အချိန်ခန့်က မီတာပုံးအောက်ရှိ လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၀)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၃ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၁၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂)ထပ် အဆောက်အအုံ(၁)လုံး၊ 125 ဆိုင်ကယ်၏ ကာဘာအနည်းငယ်၊ ဖုန်းအပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဝေယံလင်းရွှေ (၄၄)နှစ်အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။