(မှု့ခင်း)နိုဝင်ဘာ ၂၂
စျေးဝယ်ထွက်လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်က ရပ်ကျေးပါတီဥက္ကဋ္ဌတစ်ဦးဟာ ကျွတ်ကန်ကျေးရွာအဝင်လမ်းပေါ်မှာ ဓထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ် ပြည်တော်သာကျေးရွာ၊ သနပ်ခါးတောကျေးရွာအုပ်စုမှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဌ ဦးညွန့်ဦး၊၅၂နှစ်၊(ဘ)ဦးထွန်းကြည်ဟာ ရွှေတောင်ကျေးရွာကို စျေးဝယ်ထွက်လာစဥ် လမ်းခုလတ်မှာဓားနဲ့ထိုးခံရတာလို့ ဒေသတွေကပြောပါတယ်။
“မနက် ၅နာရီ လောက်က ရွှေတောင်ကို ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက်သွားတာ ကျွတ်ကန်ရွာအနီးအရောက်မှာ အမျိုးသား ၃ဦး၊ အမျိုးသမီး ၁ဦးက ဆိုင်ကယ်ကိုတားပြီး အမျိုးသား ၁ဦးက ဓါးနဲ့ထိုးသွားတာတဲ့၊ ဆိုင်ကယ်နဲ့ဖုန်းကိုလည်း အဲဒီလူတွေယူသွားတယ်လို့တော့သိရတယ်” ဒေသခံတစ်ဦးကပြောပါတယ်။
ဦးညွန့်ဦး မောင်းနှင်လာတဲ့ Adixin အမျိုးအစား ဆိုင်ကယ်နဲ့ OPPO အမျိုးအစား အနက်ရောင်ဖုန်း(၁) လုံးတို့ လုယက်ယူဆောင်သွားခြင်းခံရတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
လူတစ်စုက က ဓားနဲ့ထိုးခဲ့တာကြောင့် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဌ ဦးညွန့်ဦးရဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဓါးဒဏ်ရာ ၁ချက်၊ယာဘက် မေးစေ့အောက် ထိုးသွင်းဓါးဒဏ်ရာ ၁ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#PAN