ရခိုင်မှာ အစိုးရအုပ်ချုပ်တဲ့မြို့တွေကလွဲပြီး AA ထိန်းချုပ်တဲ့ဒေသမှာ ရခိုင်လူထုတွေတောင်းစားနေရပြီလို့ဆို

(ပြည်တွင်း) နိုဝင်ဘာ ၁၂

“ရခိုင်ပြည်နယ်မှာ အေအေလက်ထဲ မရောက်သေးတာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်ပဲ ကျန်ပါတော့ပြီး အေအေရဲ့ အောင်မြင်မှုတွေကို ‘ဗမာစာနဲ့ရေးတဲ့’ သတင်းဌာနအများစုမှာ မမြင်ချင်မှ အဆုံးပါ။ ဒါပေမဲ့ အများစု မသိကြတဲ့ အကြောင်းအရာက ‘ရခိုင်လူထု ငတ်နေကြပြီ’ ဆိုတာပါပဲ” လို့ ပြည်ပြေးသတင်းစာဆရာတစ်ဦးက ပြောပါတယ်။

“၂၀၂၅ ခုနှစ်မှာ ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်တယ်” လို့ ပြီးခဲ့တဲ့နှစ် ၂၀၂၄ နိုဝင်ဘာတုန်းက ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ထုတ်ပြန်ခဲ့ဖူးတယ်လို့ သူကပြောပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)အမည်ရတဲ့ ရခိုင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ကနေ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေအပါအဝင် ရခိုင်နဲ့ချင်းနယ်စပ်က ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားပါတယ်။

“ရခိုင်ပြည်သူတွေ တောင်းစားနေကြရပါပြီ။ စစ်ဘေးရှောင်တွေမှာ စားစရာ မရှိတော့တာ ၂၀၂၄ နှစ်လယ်လောက်ကတည်းကလို့ ဆိုရမှာပါ။ အုပ်ချုပ်မှုအောက်က ရခိုင်လူထုရဲ့ ဒုက္ခတွေကို ရခိုင်သတင်းဌာန ‘တချို့’ က ရေးရင် အာဏာ မသိမ်းခင်ကတည်းက ပြည်ပရောက်နှင့်နေပြီးသား ရခိုင်အများစုက မကြိုက်ကြပါဘူး။ တနည်းအားဖြင့် ဒီအချိန်မှာ ရခိုင်လူထုရဲ့ ဒုက္ခကို ပြောပြခြင်းဟာ အေအေရဲ့ အုပ်ချုပ်မှုကို မေးခွန်းထုတ်တာပဲလို့ မြင်ကြပါတယ်” လို့သူကဆိုပါတယ်။
.
လက်ရှိမှာတော့ စစ်တွေ ကျောက်ဖြူနဲ့ မန်အောင်မြို့နယ်တွေဟာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး စာသင်ကျောင်း ဆေးရုံးနဲ့ ဈေးတွေဖွင့်လှစ်ထားနိုင်သလို စီးပွားရးကလည်း မဆုတ်မတိုးအခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေကပြောဆိုထားပြီး AA ရဲ့တိုက်ပွဲဖော်မှုတွေကြောင့် ကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်နေပြီး ရေလမ်းနဲ့ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေရတယ်လို့လည်း သိရပါတယ်။

#PAN