(ပြည်တွင်း) အောက်တိုဘာ ၂၆
၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေရဲ့ မဲဆန္ဒနယ်မြေတစ်ချို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်တစ်ချို့ ပြိုင်ဘက်မရှိပဲ အနိုင်ရထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈ ဦးရှိနေပြီး စုစုပေါင်း ၃၁ နေရာမှာတိုင်းရင်းသားပါတီတွေဖြစ်တဲ့ ဝ အမျိုးသားပါတီနဲ့ အာခါအမျိုးသားဖွ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်နေတာကို UEC ကတည်ပြုချက်တွေအရ သိရပါတယ်။
အနိုင်ရရှိထားတဲ့နယ်မြေတွေဟာ ကချင်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သါရီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေကဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ပြီးနေရာတွေအတွက်ပါအနိုင်ရထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ကချင်ပြည်နယ်ထဲက နောင်မွန်၊ မံစီ၊ ရွှေကူမြို့နယ်တွေ၊ စစ်ကိုင်းတိုင်းထဲက မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်တွေ၊ တနင်္သာရီတိုင်းက ရေဖြူ၊ လောင်းလုံးမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်ထဲက မက်မန်းနဲ့ ဖယ်ခုံမြို့နယ်တွေ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက်ကတော့ အများစုက စစ်ကိုင်းတိုင်းထဲက ဖြစ်ပြီး ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်တွေမှာ ၈ နေရာအထိ အနိုင်ရထားတာပါ။

ကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိရင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဲ့ဒီကိုယ်စားလှယ်လောင်းကိုပဲ အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာအမတ်လောင်ယအများဆုံးတင်သွင်းထားတဲ့အခြေအနေအရ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီပါတီပြီးရင် ဒုတိယက တစည ပါတီဖြစ်ပြီး တတိယကတော့ PPP လုံးပါ။
PPP ပါတီတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကတော့ ငွေကြေးအရှုပ်အရှင်းကြောင့် အမျိုးသားလွှတ်တော်ဥပဒေအရ ကိုယ်စားလှယ်လောင်းကနေ ရုပ်သိမ်းခံထားရတာဖြစ်ပါတယ်။
#PAN