လူဦးရေပြောင်းလဲမှုဆိုင်ရာ အချက်အလက်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် စီမံချက်များအတွက် အဓိကကျဟု ဒုသမ္မတ ဦးညိုစော ပြောကြား  

(ပြည်တွင်း) ဇူလိုင် ၁၂                            

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁)၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။                

     ဒုတိယသမ္မတက ပြောကြားရာတွင် လူဦးရေပြောင်းလဲမှု သည် နိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သော်လည်း နိုင်ငံ၏ အနာဂတ်ကို မဟာဗျူဟာမြောက် ပြန်လည်ပုံဖော်ရန် အခွင့် အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ လူဦးရေပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို သေချာစွာ နားလည်သဘောပေါက်ခြင်းကသာ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDGs) များဖြစ်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ ကျား/မ တန်းတူညီမျှမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးတို့ကို ထိရောက်စွာ အကောင် အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံ၏ အနာဂတ်မူဝါဒများ ရေးဆွဲရာတွင် သန်းခေါင် စာ ရင်း၊ စစ်တမ်းများနှင့် စာရင်းအင်းစနစ်များသည် အခြေခံအုတ် မြစ်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးကဏ္ဍများကို ဆုံး ဖြတ်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတိုးမြှင့်ခြင်းနှင့် ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အဆိုပါစာရင်းအင်း အချက်အလက်များသည် အလွန်အရေးကြီးသော ရင်းမြစ်များဖြစ်ကြောင်း ဒုတိယသမ္မတက အလေးပေးပြောကြားခဲ့သည်။            

   ဒုတိယသမ္မတက လူ့ဂုဏ်သိက္ခာကို ဗဟိုပြုကာ အခွင့်အရေးများကို အခြေခံသည့် တရားမျှတပြီး ခိုင်မာတောင့် တင်းသော လူမှုစီးပွားအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန် အစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

​     အဆိုပါအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ လူဦးရေပြောင်းလဲမှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင် ပြခဲ့ပြီး၊ အထိမ်းအမှတ် အန်နီမေးရှင်းဗီဒီယိုအား ပြသခဲ့သည်။ အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် တက်ရောက်လာသူ များသည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့် ရှုခဲ့ကြသည်။

Telegram»… https://t.me/positiveanglenews

#PAN