ကလောတွင်WY စိတ်ကြွဆေးပြား ၅၀၀ ပြား သိမ်းဆည်းရမိ

(မှုခင်း) ဇူလိုင်လ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ရပ်ကွက် (၆) အတွင်းရှိ နေအိမ်တစ်လုံးကို ပူးပေါင်းမူးယစ်တပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ WY အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီခန့်က အမှတ် (၂၅) မူးယစ်တပ်ဖွဲ့စု (တောင်ကြီး) မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ထွေးအောင် (ခ) စိုးတင့် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရှိ ထိန်းသိမ်ပြီး ၎င်းအိပ်သည့် အိပ်ရာဘေး ဝဲဘက် ကြမ်းပြင်ပေါ်၌ အမြင့် ၄ လက်မ၊ အချင်း ၂ လက်မခွဲရှိ စက္ကူဘူး အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅ဝဝ ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ရောင်းချရန် လက်ဝယ်ထားရှိသူ ထွေးအောင် (ခ) စိုးတင့် အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN